ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

လူ့ဘဝကိုခဏသာအလည်လာခဲ့တဲ့ညီလေး


ဘယ်ထင်မလဲ
ချိုပြုံးမျက်နှာနဲ့ သူတကာကို စိတ်အေးစေသူ
သူ့ဟန်က
စကားပြောရင် မျက်တောင်လေးပုတ်ခပ်လို့
ရိုးရှင်းမှုတွေ ခပ်ထင်းထင်းရှိတဲ့ပုံ၇ိပ်
ဆုံတွေ့မိရင် တလေးတစား ရိုကျိုး
သူ့ကိုယ်သူ နှိမ့်ချတဲ့စိတ်ထား
ဘ၀ကို အဖြူထည်နဲ့ရှင်သန်သူ
ဒီလိုလူကိုမှ
မညှာမတာခေါ်ရက်
နတ်ဆိုးရဲ့ဖမ်းစားမှုကို ခံရလေသလား ။
ဘယ်ထင်မလဲ
ဒီရထားပေါ် ညီအချိန်မတိုင်ဘဲ လိုက်ပါသွားမယ်လို့
လေပြည်လေညှင်းတွေတိုက်တိုင်း
ခြေဟန်လက်ဟန်နဲ့ စကားပြောတတ်တဲ့ညီစတိုင်
ခုရေးရင်းနဲ့မြင်ယောင်နေမိ
အကို ၊ အမ ၊ ညီ ၊ ညီမများ ဝိုင်းဝန်းခင်တွယ်ရတဲ့ ညီလေး
နောက်ဆုံးခရီး လိုက်ပို့ရတဲ့တိုင်
ဒါဟာ အမှန်တရားဆိုတာကို လက်သင့်ခံဖို့ ကိုယ်တို့အဆင်သင့်မဖြစ်သေးဘူး ။
တစ်နေ့မှာ
အားလုံးခွဲရမဲ့ နိယာမတရား
ကိုယ်တို့ဘယ်လိုပဲသိသိ
ခုထိတော့ လက်မခံသေးဘူး
မင်းက ... ထွက်သွားတာ
စောလွန်းမကစောလွန်းတယ်
စကားတွေဝအောင်မပြောရသေးဘူးညီ
ညီအကိုမောင်နှမတွေအစုံအလင်နဲ့ ထမင်းလက်စုံ မစားရသေးဘူးညီ
တစ်ဦးကိုတစ်ဦး ရွှင်မြူးစွာ မကျီစယ်ရသေးဘူးညီ
ပြန်လာပါ
နောင်ဘဝတစ်ကွေ့မှာ ဆုံရင်တော့ဖြင့်
မင်းရဲ့ ကံကြမ္မာကျွေး
တုတ်ထမ်း ၊ ဓါးထမ်းပြီးလည်း ဆပ်မယ် ။
ညီငယ်ကျော်ဆက်အတွက်....
နိုင်ရဲသွေး ။
2 . may .2012 .


No comments:

Post a Comment