ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 13, 2013

သူ့ဘက်ကိုယ့်ဘက်


။ ချစ်သူရေ....

ဘဝမှာ ဘာမှမရရင်လည်း နေပါစေတော့

တစ်ယောက်တစ်မျိုး

အယူကွဲပြား ကျောပေးဆန့်ကျင်

မကြည်ရေနောက်

ငါမလိုက်ပါရစေနဲ့...။

၂။ ကမ္ဘာမြေပေါ်

ဖွရွရွရောက်လာတဲ့ မနက်ခင်းမှာ

စိတ်ရဲ့မျက်နှာပြင်ကိုသန့်စင်

ကြည်လင်အပြုံးတစ်ခု

ငါ့အတွက်

ဆုလဒ်အဖြစ် မင်းချီးမြှင့်ပါ...။

၃။ ငါဆိုတာက

အဲဒီငါဆိုတဲ့အရာကို

ဘာသာဗေဒအရပဲဖြစ်ဖြစ်

ဖြစ်ရိုးဖြစ်စဉ်အနေကြောင့်ပဲဖြစ်ဖြစ်

သေချာရှင်းလင်းအောင်ပဲဖြစ်ဖြစ်

နမ်စားအဖြစ်

မင်းအတွက် သုံးစွဲခွင့်ပိတ်ထားတယ်။

၎။ အကောင်းစားတွေမသုံးစွဲနိုင်သူ

နေပူပူထဲ

ထီးကျိုးဘိနပ်ပြတ် ရေငတ်ငတ်နေရသူ

လောကဓံအဆိုးလေးပါးမှာ

သင်္ခါရရဲ့ပျက်ရယ်ပြုမှုကိုခံနေရသူ

နေ့စဉ်နေ့တိုင်း

အဆင်မပြေမှုတွေထည်လဲဝတ်ဆင်နေရသူ

အဲသလို လူတစ်ယောက်က

မင်းကိုသိပ်ချစ်ပါသတဲ့..။

၅။ ချစ်သူရေ.....

တကယ်တော့

ကိုယ်ဆိုလိုချင်တာက

နံပါတ် ( ၁ ) တစ်ပုဒ်လုံးသာ

ပြန်ဖတ်လိုက်ပါတော့...။

နိုင်ရဲသွေး
17.feb.200
ညီတူညီမျှ

No comments:

Post a Comment