ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

မြန်မာဆယ့်နှစ်လရာသီ၏ ၀ိသေသများ

       တစ်နှစ်တွင် ( ၁၂ ) လရှိသည် ။ မြန်မာ့ဆယ့်နှစ်လ
သည် ဖြစ်ပေါ်လာပုံ အကြောင်းအရင်းအမြစ် အတိအကျရှိ
သည် ။ လစဉ်လတိုင်း အကြောင်းအရာတစ်စုံတစ်ခုကို အခြေပြု၍ ခေါ်တွင်စေခြင်းဖြစ်သည် ။

                     တန်ကူး ( တန်ခူး ) တာကူး
         မြန်မာ့ဆယ့်နှစ်လတွင် မိဿရာသီနှင့်ပထမလ
ဖြစ်သော တာကူး ( တန်ခူး ) လကို ရေးထုံးနှစ်မျိုးဖြင့် ရေးကြသည် ။ ၄င်းတို့မှာ တန်ခူးနှင့်တာကူးဖြစ်သည် ။
         တန်သည် ထန်းကိုခေါ်ဆိုလို၍ ခူးမှာ ခူးဆွတ်ခြင်း
ကိုဆိုလိုသည် ။ ထန်းသီးများကို ဆွတ်ခြွေသည့်လဟူ၍
အဓိပ္ပာယ်ရသည် ။
                                    တာကူး
        တာသည် အချိန် ၊ လ ၊ ရာသီ ဖြစ်၍ ကူးသည် ကူး
ပြောင်းခြင်းကို ဆိုလိုသည် ။ နှစ်သစ်သို့ပြောင်းသည် ။ နှစ်ကူးသည်ဟု အဓိပ္ပာယ်ရသည် ။
        တန်ခူးလတွင် အတာရေသဘင်ပွဲတော်ကျင်းပသည် ။ ရာသီပန်းမှာ ရင်
ခတ်ပန်း ၊ ကံ့ကော်ပန်း ၊ စိတြနက္ခတ်နှင့်စန်းယဉ်ပြည့်၍
တံငါတာရာထွန်းသည် ။ ရာသီရုပ်ကား ဆိတ်သတ္တ၀ါဖြစ်
၏ ။ တန်ခူးလကို ရှေးစာဆိုတို့က " တန်ခူးမည်မှတ် ၊ ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး " ဟု စပ်ဆိုထားသည် ။
                            ကဆုန်လ
        ရှေးအခါက ကုဆုန်ဟူ၍ ရေးသည်။ ကု မှ က ဖြစ်လာသည် ။ ကုသည် မရှဘာသာမှ ဆင်းသက်လာ
သောစကားဖြစ်၍ ရေဟု အဓိပ္ပာယ်ရသည် ။ ကဆုန်လ
ဟူသည် ရေသွန်းလောင်းသောကာလဟူ၍ အဓိပ္ပာယ်ရ
သည် ။
        ရာသီမှာ ပြိဿရာသီဖြစ်သည် ။ ၄င်းလတွင် မှတ်
သားဖွယ် ( ၁၆ ) ချက်ရှိသည် ။
၁ ။ အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘု
ရားထံ နိယျတဗျာဒိတ်ခံယူသောလ ။
၂ ။ အလောင်းတော် သိဒ္ဓတ္တမင်းသား ဖွားမြင်သောလ ။
၃ ။ အလောင်းတော်မင်းသား တောထွက်တော်မူသောလ
၎ ။ ဘုရားအဖြစ်ကို ရသောလ ။
၅ ။ ပရိနိဗ္ဗာန်စံဝင်သောလ ။
၆ ။ ဗောဓိပင်ကို ညောင်ရေသွန်းသောလ ။
၇ ။ စကားပန်းမွင့်သေလ ။
၈ ။ ၀ိသာခါနက္ခတ်နှင့်စန်းယှဉ်သောလ ။
၉ ။ တံငါတာရာထွန်းသောလ ။
၁၀ ။ နေ့နာရီ ( ၃၂ ) ညနာရီ ( ၂၈ ) ရှိသောလ ။
၁၁ ။ ရက်စုံသောလ ။
၁၂ ။ နဂါးဦးခေါင်း အနောက်မြောက်မှ ရက်စုံသောလ ။
၁၃ ။ စနေ ၊ ကြာသာပတေး ရက်ရာဇာ ဖြစ်၍ ဗုဒ္ဓဟူး
သောကြာ ပြဿဒါးဖြစ်သောလ ။
၁၄ ။ နှစ်ဖ၀ါးဖြင့်မွန်းတည့်သောလ ။
၁၅ ။ ပြိဿရာသီမည်သောလ ။
၁၆ ။ ဖွားဖက်တော်ခုနှစ်ပါးပေါက်ဖွားသောလ ဟူ၍ဖြစ်သည် ။
                                နယုန်လ
        နယုန်လကို ရှေးအခါက နံယုန်ဟူ၍ ရေးသည် ။ နံ
မှာ အချိန်အခါ ၊ ယုန်မှာ ရွှာသွန်းခြင်း ၊ မိုးကျခြင်း ဖြစ်၏ ။
နယုန်လဟူသည် မိုးကျချိန် ၊ မိုးရွှာချိန်ဟု အဓိပ္ပာယ်ရ
သည် ။ ရာသီမှာ မေထုန်ရာသီ ၊ နယုန်လတွင် စာမေးပွဲသဘင် ၊ မဟာသမယအခါတော် ဓမ္မသဘင် ၊ ရာ
သီပန်းမှာ စံပယ်ပန်း ၊ မြတ်လေးပန်း တို့ပွင့်သောလ ၊
နက္ခတ်မှာ ဇေဋ္ဌနက္ခတ်နှင့်စန်းယဉ်ပြည့်သောလ ၊ မြင်းတာရာထွန်း၍ ရာသီရုပ်ကား အပျိုနှင့်လူပျို ယဉ်တွဲ
နေပုံဖြစ်သည် ။
        နယုန်လတွင် မိုးရွှာသွန်းဖြိုးပါသည် ။ နယုန်လတွင်
ရွှာသောမိုးကို ရှေးစာဆိုတို့က နယုန်မိုးဆေး မျက်သား
မွှေးဟု စပ်ဆိုထားသည် ။

No comments:

Post a Comment