ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 20, 2013

တစ်ခြမ်းပဲ့သစ်သီး

ဂျွန်၏မနက်ခင်းတစ်ခုသည်လှပသိုသိပ်စွာ ကျွနုပ်ထံရောက်လာ၏.။ တကယ်တော့ကျွန်တော်
ဖိတ်ခေါ်ထားခြင်းမရှိပါ။ မမျှော်လင့်ဘဲ ရောက်လာသည့်အတွက် မနက်ခင်းတိုင်းကျွန်တော်သောက်နေကျဖြစ်
သောလ္ဘက်ရည်ဖန်ချိုတစ်ခွက်အားမသောက်တော့ပဲ သူ့အားတိက်လိုက်သည်။ ကဗျာတစ်ပုဒ်ပေး၍ သူထွက်သွား
သောအခါ တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံကိုကြားရသည်။ ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ နာရီအားလုံးရပ်ဆိုင်း
သွား၏။ ထိုအချိန်တွင် အချစ်စခဲ့၏။
တောက်ပရွှန်းလဲ့သောမျက်ဝန်းတစ်စုံသည် ရင်ခုန်ခြင်းကိုဖြစ်စေ၏။ အိပ်ပျော်နေသောအချစ်ကို
လှုပ်နိုးခဲ့သည်။ ရေအနည်းအကျဉ်းသာရှိသောမြစ်သည် ပင်လယ်ဒီရေတက်ခြင်းကြောင့် ကမ်းပါးအပြည့်ရေများ
တိုးလာကာ လှိုင်းများအဆက်မပြတ်ထတော့သည်။ ထိုနေ့သည်သန့်စင်သောအင်္ဂါနေ့ဖြစ်သည်။
သူနှင့်စတွေ့တုန်းက အရာရာအားလုံးတိတ်ဆိတ်နေ၏။ တိတ်ဆိတ်ခြင်းသည် အကျယ်လောင်ဆုံးအသံကိဖြစ်စေသည်ဟု သူငယ်ချင်းတစ်ယောက်ကပြောဖူးသည်။မင်းကိုသိပ်ချစ်တယ်ဟု
ပြောသောကျွန်တော်၏အသံတွင် ငလျှင်လှိုင်းများပါနေ၏။ ရင်ခုန်ကြည်နူးဖွယ်ကောင်းသောအချစ်ည၏မျက်
နှာသည် ပန်းနုရောင်သန်း၍ ခေါင်းငုံထားသည်။ ကောင်းကင် ၊ ကြယ်ပွင့်၊လေညှင်း၊ခြေက်ဆယ်ဗို့အားမီးအ
လင်းရောင်နှင့်ရောထွေးကာ အချစ်၏ကိုယ်သင်းရနံ့သည် ထုံအီနေ၏။ ငါမင်းကိုသိပ်ချစ်တယ်အင်္ဂါ ။
ငါမင်းကိုသိပ်ချစ်တယ်အင်္ဂါ..ငါ့ကိုယ်ငါယုံကြည်လို့ မင်းကိုသိပ်ချစ်ကြောင်း ငါပြောခဲ့တာပါ ။
ဘယ်အရာပဲလုပ်လုပ် ယုံကြည်မှလုပ်ပါ ။ လူတွေက မယုံရဘူး သတိထားပါလို့ စေတနာနဲ့ငါ့ကိုမင်းပြောခဲ့ပေ
မယ့် အဲဒီစကားကြောင့် ငါ့ကိုပြန်မချစ်ခိုင်းခဲ့ဘူး ။
ကမ္ဘာပေါ်မှာအလှဆုံးဟာဘယ်သူလဲလို့ မေးတဲ့နေ့က အင်္ဂါကျွန်တော့ကိုစိတ်ရှုပ်သွားသည့်
အကြည့်ဖြင့်ကြည့်သည်။ အလှဆုံးဟာမိမိကိုယ်တိုင်ပဲဟု ပြောသောအခါ သူနားမလည် ။ မှန်ရှေ့တွင်ထိုင်၍
စိတ်ကူးမယဉ်ကြည့်ဖူးဘူးလားဟုမေးသောအခါမှ “ ခစ် ” ကနဲရယ်ကာပြုံး၍ မျက်နှာကိုဘယ်ဘက်သို့လှည့်
လိုက်သည် ။ ကေင်မလေးဘယ်သန်ဖြစ်မှာပဲဟုမဆီမဆိုင်တွေးမိသည် ။ဆောင်းတွင်းမိုးရွာတာ၊ကားကဓာတ်
တိုင်ဝင်တိုက်တာ၊အမြင်ခြင်းမတူတာကိုစိတ်ဆိုးတာ၊ဗိုက်ဆာလို့ငိုနေတဲ့ကလေးကို ငိုရကောင်းမလားလို့ရိုက်
တာ၊သူများချော်တိုင်းလိုက်ချော်တာ စသည်ဖြင့် မဆီမဆိုင်တာတွေများလှသည်။
ကျွန်တော့်တွင် မရောင့်ရဲနိုင်သော အရာတစ်ခုရှိပါသည်။အင်္ဂါ၏ မျက်နှာကိုကြည့်ရခြင်း၌
ရိုးသွားသည်မရှိ ။အချစ်သည်မရိုးအီ ။အမြဲတမ်း ဆန်းသစ်လှပသည်။ ဘယ်တော့မှ မခွဲဘဲ ချစ်နေမည်ဟုပြော
သော အင်္ဂါသည် ကျွန်တော့်ကိုဘာတစ်ခုမှ အသိမပေးပဲထွက်ခွာသွားလေပြီ။သူမ၏အရိပ်သည် မိုးတိမ်များ
နှင့်အတူ မျောလွင့်သွားသည်။မိုးချုန်းသံများကြားတွင် သူမ၏အသံများ ပျောက်ကွယ်သွားသည်။ထိုနေ့ကမီ
ဂါတန် တစ်သန်းပြင်းအားရှိသော ဗုံးတစ်လုံး ကျွန်တော့်ရင်ထဲ၌ ပေါက်ကွဲခဲ့၏။
သည်လိုသာထွက်ပြေးမည်ဆိုလျှင် အစကတည်းက အင်္ဂါကျွန်တော့်ကိုမချစ်သင့်၊ချစ်ပြီးမှ
တော့ရင်ဆိုင်ဖို့ကောင်းသည်။အချစ်သည် စွန့်လွှတ်ခြင်းဟုတစ်ချို့ကဆိုကြသော်လည်း သူရော ကျွန်တော်ပါ
စွန့်လွှတ်ဖို့ရာ မည်သည့်အခြေအနေမျှ ဖြစ်မလာ။သူနှင့်ကျွန်တော် သံလွင်ပင်ခြင်းမတူဟူသော သူမ၏စကား
နှင့်သာ ဝေးခဲ့ရ၏။ ချစ်သူ၏အလိုဆန္ဒကို အမြဲတမ်းအတည်ပြုခဲ့သော ကျွန်တော်သည် အခါတိုင်းလိုပင် မငြင်းဆန်ခဲ့ပေ။မတူညီတာတွေ လောကတွင် တစ်သွေးတစ်သားတည်း ပေါင်းစည်းနေနိုင်ကြောင်းရှင်းပြ
သောအခါ သူမကမယုံ။ ပန်းချီကားများအမြတ်တနိုး ချိတ်ဆွဲထားရန် မဖြစ်တော့ပြီလား။ အနုပညာအား
မည်သည့်အရာဟုလက်ညှိုးထိုး၍ ဟုတ်မဟုတ်အတည်ပြုချက်များ သတ်မှတ်နိုင်မည်လား။မဆုံးနိုင်သည့်
အမျိုးမျိုးသောတိုက်ပွဲများ ခြိမ့်ခြိမ့်သဲသဲကြည့်နေရုံသာ ရှိတော့မည်။
နားမည်တာကို နားလည်အောင် အားထုတ်သင့်သည်။မသိတာကိုသိအောင်အားထုတ်
အပ်သည်။ကျွန်ုပ် သင့်အပေါ်တွင် မရိုးသားတာရှိခဲ့ပါသလားမအင်္ဂါ။
စိတ်လိုလက်ရှိသောအချိန်တွင် ကျွန်တော်ံအား အင်္ဂါက အကိုဟုခေါ်တတ်၏။ပန်းသီးအ
လုံးတစ်ထောင်မကချို၏။ပျားရည်မြစ်တစ်ထောင်ထက်လည်းမက၊သဘောမတူသူများ အသက်ခဏအောင့်
ထားနိုင်သည်။လူတစ်ယောက်၏လွတ်လပ်ခွင့်ကို ကျွန်တော်တန်ဖိုးထားပါသည်။အင်္ဂါရေ...ငါဟာ မင်းဘဝ
လောက် အရေးမကြီးပါဘူးကွယ်။
ငါရူးသွပ်ပါရစေ။ ငါရူးသွပ်ပါရစေ ။ ပါရစေ...ပါရစေ...ပါရစေ...............................။
အချစ်ဟာရူးသွပ်ခြင်းပဲမဟုတ်လား အင်္ဂါ။ အဲဒီရူးသွပ်ခြင်းထဲမှာ သွယ်လျတဲ့ လက်မောင်းလေးတွေပါတယ်။
ရှင်းရှင်းသန့်သန့် အိပ်မောကျနေတဲ့ မျက်နှာလေးတစ်ခုပါတယ်။ နုတ်ခမ်းနီမဆိုးဘဲ လှပနေတဲ့ နှုတ်ခမ်းတစ်စုံ
ပါတယ်။အုန်းဆီမလိမ်းဘဲ အမြဲတမ်းပျော့ပျောင်းနေတဲ့ ဆံနွယ်လေးတွေပါတယ်။လက်သည်းရှည်မရှိတဲ့
လက်ချေင်းလေးတွေပါတယ်။ပန်းနုရောင်ဖိနပ်ပါးပါးနဲ့လိုက်တဲ့ ခြေဖမိုးဖောင်းဖောင်းလေးတွေပါတယ်။ချိုချဉ်
တစ်လုံးပါတယ်။ဘောပင်တစ်ချောင်းပါတယ်။နံ့သာမခြယ်တဲ့ပါးလေးနှစ်ဖက်ပါတယ်။ရင်ချင်းအပ်နှလုံးသားချင်း လက်ထပ်ခဲ့တာတွေပါတယ်။နွေးထွေးအေးချမ်းတဲ့ အနမ်းတွေပါတယ်။ခွင့်လွှတ်နားလည်တဲ့ မျက်လုံးတစ်စုံပါ
တယ်။နှာဘူးလို့ပြောတဲ့အသံလေးပါတယ်။လွတ်လပ်တဲ့ အပြုံးတွေပါတယ်။ရိုးသားတဲ့ ရယ်မောခြင်းတွေပါ
တယ်။ခေါင်းမာတဲ့အကျင့်လေးတွေပါတယ်။သန်းခေါင်ကျော်အချိန်တွေပါတယ်။
ကျွန်တော်အင်္ဂါကို ချစ်ပါသည်။တကယ်ချစ်ပါသည်။ထိုသို့ချစ်ကြောင်းကိုလည်း အကြိမ်များ
စွာ အထပ်ထပ် ပြောပါမည်။အဓိကက ကျွန်တော်ချစ်ကြောင်း အင်္ဂါယုံကြည်ဖို့ပင်ဖြစ်သည်။ကျွန်တော်အင်္ဂါကို
ချစ်သည်ဆိုတာတော့ ကျွန်တော်ယုံပါသည်။အင်္ဂါကျွန်တော်ကို ချစ်သည်ဆိုတာကိုရော ကျွန်တော်ယုံပါသည်။
အချစ်ကိုမယုံကြည်ရဟု ခံယူထားသူမှားသည် အချစ်ကိုတကယ်မချစ်သူများဖြစ်ပါသည်။ဒါဆိုအချစ်ဟာဘာ
လဲဟု လာမမေးနှင့်။အချစ်ကို မည်သည့်စကားလုံးနှင့်မျှ ကိုးကားဖွင့်ဆို၍မရ။မည်သည့်စကားလုံးနှင့်မျှ အချစ်ဖြစ်ကြောင်း သက်သေပြ၍မရ။အချစ်သည် အချစ်သာဖြစ်သည်။
အင်္ဂါက ကျွန်တော် ဘာလို့သူ့ကိုချစ်တာလဲဟု မေးသည့်အခါ ချစ်လို့ချစ်တာဟု ပြန်ပြော
လိုက်သည်။ထိုအခါ ကျွန်တော့်ပခုံးပေါ် ခေါင်းမှီ၍ ကျွန်တော့အား ကမ္ဘာတစ်သန်းလောက် အရာရာကို မေ့သွားစေနိုင်သည့်အကြည့်ဖြင့် ကြည့်သည်။ကျွန်တော့်ထက် အသက်ဆယ်နှစ်မကငယ်သော အင်္ဂါသည်
ကျွန်တော့်ကိုတစ်ခါမှ ဆိုးနွဲ့ခြင်းမရှိသည်မှာ အံ့သြစရာကောင်းသည်။ကြည်နူးစရာလည်းကောင်းသည်။
ငယ်သူတိုင်းမဆိုးနွဲ့တတ်ကြောင်း သူမကြောင့်ကျွန်တော်သိခဲ့ရ၏။ကျွန်တော်က သူ့ကိုချစ်ကြောင်းအထပ်ထပ်
ပြောသောအခါ၌ ပြုံးကာကြည့်နေရုံမှလွဲ၍ ဘာမှမပြော။နားထောင်သမားသက်သက်။အချစ်နှင့်ပတ်သတ်ပြီး
ဘာစကားမှမပြောတတ်။ထိုသို့မပြောတတ်ခြင်းက ကျွန်တော့ရင်ထဲသို့ခူရားကောင်များ အလုံးလိုက်တဖွဲဖွဲကျ
လာသလိုခံစားရသည်။
ကောင်မလေးတစ်ယောက်ကိုချစ်တာပဲသိသောကျွန်တော့်ကို ရှက်သွားစေရန် သူငယ်ချင်း
အချို့က ကလေးအဖေဟုနောက်ပြောင်ခေါ်ဝေါ်သော်လည်း မရှက်ပါ။ အချစ်သည်ရှက်စရာမဟုတ်ပါ။အင်္ဂါ
ကိုကျွန်တော်သိပ်ချစ်ပါသည်။အစာနာကင်းမဲ့စွာ အခြားသူများဖြတ်သော်လည်း ချစ်နေပါမည်။ဘယ်သူတွေ
ဘာပြောပြော အင်္ဂါကိုချစ်သော အချစ်သည် ကျွန်တော့်ကိစ္စသာဖြစ်ပါသည်။မနေနိုင်မထိုင် ပြောချင်သူများ
ဖြစ်သမျှအမှုများအတွက် သက်သေအဖြစ် တရားရုံးသို့သွားပါ။
တစ်ချိန်ကအဖော်အဖြစ်နေခဲ့သော တရေးနိုးညများ ကျွန်တော့်ထံမလာတာကြာပြီဖြစ်
သည်။တစ်နေရာတွင်ပုန်းနေသည်လား။တစ်ခြားတစ်ယောက်၏ ဖမ်းဆီးထားခြင်းကိုခံနေရလို့လား။တစ်ခြား
တစ်ယောက်ဆီသွားနေ၍လား။သူကိုယ်တိုင်မလာချင်၍လား။သူတစ်ပါး၏သွေးထိုးမှုကြောင့်လား။သူကိုယ်တိုင်
ပဲ မရိုးသား၍လား။အဘယ်အကြောင်းကြောင့်ပါနည်း။ဘယ်အရာသည်အမှန်တရားဖြစ်သနည်း။
တစ်ချိန်တည်းမှာပင် ကမ္ဘာမြေပြင်ရှိ နေရာများစွာတို့၌ မျိုးနွယ်စုတိုက်ပွဲများဖြစ်နေမည်။
ကါန်ပျူတာဗိုင်းရပ်(စ်)ပိုးများတားဆီးရေး ဆွေးနွေးပွဲများပြုလုပ်နေမည်။အိုပက်အဖွဲ့များ ရေနံဈေးတက်ရန်
ဆိုင်းပြင်းနေမည်။နုကလီးယားလက်နက်တားဆီးရေး သဘောညီစာချုပ်များချုပ်ဆိုနေမည်။နုကလီးယား
လက်နက်များခိုးထုတ်နေမည်။မျိုးရိုးဗီဇ ခွဲစိတ်စမ်းသပ်မှုများ ပြုလုပ်နေမည်။မိန်းမများယောက်ျားများနှင့်
တန်းတူအခွင့်အရေးရရန် တောင်းဆိုနေမည်။အသက်ကြီးသူများထောက်ပံ့ရန်အတွက် ရန်ပုံငွေများကောက်ခံ
နေမည်။မိဘမဲ့ကလေးများအစာပြတ်၍ လမ်းဘေးလဲနေမည်။လူနာများကုသရန်အတွက် ဆေးဝါးများ အရေး
ပေါ်လိုအပ်နေမည်။တစ်စုံတစ်ယောက်က မိုးဇက်ဂီတ နားထောင်နေမည်။တစ်စုံတစ်ယောက်က မိန်းမငယ်ဆီ
ရောက်နေမည်။တစ်စုံတစ်ယောက်က ဝီစကီသောက်နေမည်။တစ်စုံတစ်ယောက်က ခရစ်တော်တေးသီချင်း
သီဆိုနေမည်။တစ်စုံတစ်ယောက်က မြစ်ဘေးထိုင်ငေးနေမည်။အမှန်တရားသည် အမှန်တရားဖြစ်ကြောင်း
သက်သေလိုက်ရှာနေမည်။
အင်္ဂါကိုမတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ကျွန်တော့်စိတ်အထင် ကမ္ဘာတစ်သန်းလောက်ရှိ
မည်ထင်သည်။ကျွန်တော်၏ရဲရင့်သောချစ်သူသည် ကျွန်တော့်အားစွန့်ခွာရသည့် အကြောင်းရင်းကိုမပြောခဲ့
သည်မှာ ကျွန်တော့်အတွက် နားမည်ရဆုံးကိစ္စတစ်ခုပင်။ကျွန်တော်၏ (၁၆)အောင်စသာရှိသော နှလုံးသား
လေးတစ်ဝိုက်တွင် အင်္ဂါထားရစ်ခဲ့သောပင့်ကူအိမ်များ ယခုထိရှိနေသည်။မလာနိုင်မှန်းသိလျှက်နှင့်မျှော်လင့်
နေခြင်းသည် ကျွန်တော်၏ တယူသန်စွဲလမ်းမှုပ်ဖြစ်သည်။အင်္ဂါနှင့်ပတ်သတ်လျှင် ကျွန်တာ်၏တယူသန်စွဲ
လမ်းမှုသည် မွှေးညှင်းတစ်ပေါက်စာမျှမလွတ်။
အချစ်သည်မှားပါ။ဘယ်တော့မှမမှားပါ။အင်္ဂါကိုကျွန်တော်ချစ်ပါသည်။ကျွန်တော်ချစ်သောကဗျာများနှင့်အတူ
အင်္ဂါကို ကျွန်တော်ရင်ထဲ၌ ထာဝရထားပါမည်။ပိတောက်ပန်းချစ်သော အင်္ဂါသည် ကျွန်တော့်ရင်မှာ တစ်ခါ
သာခိုလှုံခဲ့သည်။ဥသြဌက်သည် တန်ခူးလေနှင့်အတူ ခရီးထွက်သွားလေပြီ။ကျွန်တော့်နှလုံးသားသည် ချော်
ရည်များဖုံးလွှမ်းခံခဲ့ရသော မည်းညစ်ညစ်တောင်ကုန်းတစ်ခုဖြစ်နေ၏။ တံတိုင်းခတ်၍ လုံခြုံစွာသိမ်းထား၍
မရသော အချစ်သည် အရပ်ဆယ်မျက်နှာတွင်းမှာပင် ရှိနေမည်ဟု ထင်ပါသည်။အနာဂတ်သည် ပိတောက်
ပန်းများလက်ထဲတွင်ရှိနေ၏။
လျှောက်ခဲ့သာလမ်း၌ ခြေရာမကျန်ခဲ့သော်လည်း အင်္ဂါသည် ယနေ့ထိ ကျွန်တော့်ရင်ထဲတွင်
ရှိနေသေးသည်။မနေ့သည် ယနေံမဟုတ်သည်မှာသေချာသော်လည်း မနေ့ပေါင်းများစွာသည် ယနေ့၏အချိန်
အားခိုးယူပေါင်းသင်းနေထိုင်နိုင်သည်။အတိတ်ကိုအတိတ်မှာ ထားရစ်နိုင်ရန်မှာ ကျွန်တော့်အတွက် တစ်ခါ
တစ်ရံ အလွန်မလွယ်ကူသော ကိစ္စတစ်ရပ်ဖြစ်နေသည်ပင်။အင်္ဂါနေထိုင်ခဲ့သောအိမ် ၊ အင်္ဂါအရီပ် ၊ အင်္ဂါအသံ ၊
အင်္ဂါအကြည့် ၊ အင်္ဂါအကြင်နာ ၊ အင်္ဂါနှင့်စကားထိုင်ပြောခဲ့သော မန်ကျည်းပင်အောက်တန်းလျားခုံ ၊ အင်္ဂါတို့
အိမ်တောင်ဘက် ဗာဒံပင်အောက်မြက်ခင်း ၊ ခြင်များ ၊ ပုရွက်ဆိတ်များ ၊ ခမ်းနားကြီးကျယ်သော ကတိစကားများ ၊ ရင်ခုန်သံစစ်စစ်များ ၊ သတိရတယ်အင်္ဂါ ၊ ဖြစ်မလာနိုင်တာကိုပြန်လည်တမ်းတသူကို
လူမိုက်လို့ခေါ်ရင် ငါဟာအခါခါမိုက်ခဲ့သူပါ။
အေးစက်သောလေတွင်ညသည် အကျဉ်းကျနေ၏။နာရီများမောပန်းနွမ်းနယ်စွာ အိပ်မောကျနေသည်။စိမ်းမြရင့်ရော်သော အကြည့်များကြောင့် နှလုံးသားတစ်ခုကြုံလှီခဲ့ရသည်။ကြေကွဲခြင်း
များအတွက် ပုန်းခိုစရာနေရာမရှိ ၊ ဆေးလိပ်တိုများပြန့်ကျဲနေ၏။ဘာသာစကား၏ အပြင်ဘက်တွင်ရှိသော
အချစ်သည် နေ့ပေါင်းများစွာကိုသိမ်းဆည်း၍ ကမ္ဘာ့ဝင်ရိုးစွန်းသို့ ကြယ်များနှင့်အတူ ထွက်သွားလေပြီ။
အပြင်ကသော့ခတ်ထားသော အမည်းရောင်အခန်းတစ်ခုတွင် အနီရောင်ကင်းဗတ်တစ်စကို ကိုင်ထားသော
လူတစ်ယောက်ထိုင်နေ၏။ထိုသူသည် ကိုယ့်အမည် ကိုယ်မေ့နေသော နိုင်ရဲသွေးဆိုသည့် ကဗျာမတောက်
တခေါက်ရေးသူတစ်ယောက်ဖြစ်သည်။
အဝေးမှပျံသန်းလာသော ကဗျာဌက်သည် မစ်ရှီဘလက်မိုး၏ (black more night)
သီချင်းအား တောင်ပံတွင်းဝှက်ယူလာပြီး ဖရက်ဒီမာကျူရီ၏ (lonely) သီချင်းကိုသီဆိုလာသည်။သီချင်းသံ
များကြားတွင် ကျိုးပဲ့သွားသောကာရန်တစ်ခု ခြောက်ခန်းသွားသော စမ်းချောင်းတစ်ချောင်း ခိုးယူခြင်းခံရတဲ့
နှလုံးသားတစ်ခု ၊ အာပုပ်နံ့ထွက်နေသောပါးစပ်များ ၊ သန့်စင်စရာမလိုသောအချစ်သက်သက်များ၊ တစ်ရေး
နိုးမနက်များပါ၏။
အသက်ရှင်နေသမျှမျှော်လင့်နေတယ်အင်္ဂါ ။ ကြားရာအရပ်ကအမြန်ပြန်လာပါ။ အလွမ်းဆိုတာ ဘာတွေနဲ့ပျော်ဝင်ပေါင်းစပ်နေတယ်ဆိုတာမသိပေမဲ့ ငါမင်းကိုလွမ်းနေပါတယ်။

နိုင်ရဲသွေး
march.3.2002.


ဤအက်ဆေးသည် ကျွန်တော်ကြိုးစားပြီးရေးသားထားသော ဖန်တီးမှုတစ်ခုပင်ဖြစ်ပါသည်။
လိုအပ်တာကိုလည်း ဝေဖန်အကြံပေးရန် ဖိတ်ခေါ်ပါတယ်ခင်ဗျ။

နိုင်မင်းဦး
march.18.2010.

တစ်ကောင်တည်း..

No comments:

Post a Comment