ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 13, 2013

ခရီးတစ်ထောက်


ညီမလေးရေ...
" ဇင် "....
မှန်ကြည့်မိတဲ့ တစ္ဆေလို
သူ့ကိုယ်သူ ကြောက်လှန့်နေရတဲ့
လူ့ဘဝမှာ ....
သွေးးးးးးးဝေါ့ကနဲ ထိုးအန်
ထွက်ကျလာတဲ့ လောက်တွေကြည့်ရင်း
ထောက်တည်ရာမဲ့ ဖုတ်လိုက်ဖုတ်လိုက်
အပင်းတွေ မသွင်းခဲ့ဘူး
ဗူးသွင်း ခံရတယ်
စိမ်းညှို့တောင်တန်းတွေ ငါတက်ခဲ့တယ်
ဘီယာ ၊ အရက် ၊ မိန်းမ ၊ လေးကောင်ဂျင်
တောင်သမန်အင်းဘေး လေညှင်း
နာရီစင် ၊ ဘူတာရုံ ၊ ပလာဇာ ၊
ဆိုက္ကားဂိတ် ၊ ကားဂိတ် ၊ ဆေးရုံ
ရဲစခန်း ၊ ဖျပ်ဖျပ်လူး ကတ္တရာလမ်း
ဟောဒီ့က အကြော်စုံ
အချဉ်ဟင်းတစ်ခွက် ( ၂၀ ) ကျပ်
ဒီညမကုန်သေးဘူး
ငါ့လွယ်အိတ်ထဲ ( ၁၅၀ ) ရှိတယ်
ကြယ်တွေလည်း မလင်းသေးဘူး
ခေတ်ယဉ်ကျေးမှုမှာ
သိက္ခာတရား ( ၅၀ ) သား ဝမ်းစာ ( ၅၀) သား
ငါ့ကျောကို မီးအိုးထိုးထိုးပေးရတယ်..။
ပြဇတ်ကတော့ ကခဲ့တာကြာပြီ
စိမ်းလန်းလယ်ကွင်းတွေ
သီးပင်ပြွတ်ပြွတ်တွေ
ပဒေသာ သယံဇာတတွေ
ငါရပ်ကြည့်တဲ့အချိန်
သူတို့ ဦးပုညထဲဝင်သွားပေါ့
လူကြီးလူကောင်း ဆင်ခြေတုံတရားနဲ့
ငါလျှောက်ခဲ့တဲ့လမ်း
ဖိနပ်ဦး အခါခါကျိုး  / လန်
နောက်တစ်ပတ်ထဲချိန်းထားတဲ့ ကျန်းမာရေး
ထုသားပေသားကျတဲ့ ဆေးတစ်ဖုံနဲ့ ထိန်းထားမယ်
အိမ်ရှေ့ဓာတ်ကြိုးပေါက်နေပြီ
ညီမလေးက မှောင်ရင် မအိပ်တတ်ဘူး ....။
မေမေရေ ...
ရေတစ်ခွက်လောက်တိုက်ပါ
ညီမလေးရေ..
" ဇင် "
မင်းအတွက်အတောင်ပံတစ်စုံရှိတယ် ။

                                                                                               နိုင်ရဲသွေး
                                                                                                          12 . AUG .2010.

No comments:

Post a Comment