ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

ပြည်သူတို့၏ လိုအပ်ချက် ၊ လိုအင်ဆန္ဒ ၊ မီဒီယာအခန်းနှင့် နိုင်ငံအပြောင်းအလဲပါရာဒိုင်း

    ဒီနေ့အခြေဟာ ဗဟိုကချုပ်ကိုင်ထားတဲ့ အခြေအနေကနေ ပါလီမန်ဒီမိုကရေစီစနစ်

ကိုရောက်ခဲ့ပါပြီ ။ အရင်ပြီးခဲ့တဲ့ ( ၂၂ ) နှစ်ကာလကြာ အုပ်ချုပ်ခဲ့တဲ့သူတွေကို အပြစ်တင်နေ
မှာလား ။ ပိုကောင်းမွန်တဲ့ နိုင်ငံတစ်ခုကိုပြည်သူတစ်ရပ်လုံးကပါ ပါဝင်ပြီးတည်ဆောက်ကြမှာလားဆိုတာပါ ။ ဒီနေရာမှာ တစ်ချက်ပြောစရာရှိတာက အခု
နိုင်ငံတော်ကိုဦးဆောင်မယ့်သူအများစုဟာ ယူနီဖောင်းပြောင်းသွားတာပဲရှိ၍ မူဝါဒတော့
ပြောင်းမှာမဟုတ်ဘူးဆိုသောအမြင်ကို မျက်စိမှိတ်မယူမှတ်လိုက်ပါနဲ့လို့ပြောချင်ပါသည် ။
ဖြစ်တနရာအဆင့်မှာပဲထားပြီး ဖြစ်လာခဲ့ရင်အဆိုတင်သွင်းဖို့ အချက်အလက်တွေသာစု
ဆောင်းထားရမှာဖြစ်ပါတယ် ။ စိတ်အလိုလိုက်ပြီးကဏ္ဍကောစတိုက်မည်ဆိုသော စိတ်မျိုး
ထားရှိခဲ့လျှင် ပြည်သူတွေအကျိုးအား  မဆောင်ရွက်နိုင်ဘဲ ဖြစ်သွားပါလိမ့်မည် ။
           နိုင်ငံကိုဦးဆောင်မည့်သူများဘက်မှလည်း ပါတီချင်း ၊ လူချင်း စကားစစ်ထိုးတိုက်
ခိုက်ဖို့ ၊ မိမိအလိုသာ လုပ်ဆောင်ဖို့မဟုတ်ဘဲ ငါတို့ဟာ ပြည်သူတွေရဲ့အကျိုးစီးပွားကို
တိုးတက်အောင်ဆောင်ရွက်ပေးရန် ဤနေရာသို့ရောက်လာသော ပြည်သူတို့ရဲ့ကိုယ်စား
လှယ်ဖြစ်သည်ဆိုသည်ကို မမေ့အပ်ပေ ။ နိုင်ငံလုံးဆိုင်ရာ အမျိုးသား ကျန်းမာရေး ၊ လူမှု
ရေး ၊ ပညာရေး ၊ စီးပွားရေးတို့ကို အရှိန်အဟုန်တစ်စတစ်စ မြှင့်တင်ဖော်ဆောင်ရာတွင်
တာဝန်ရှိသူများက မိမိတို့၏ဆန္ဒကိုဦးတည်၍ အဂတိမလိုက်စားဖို့ရန် အထူးအရေးကြီး၏ ။
မိမိ၏သဘောထားအမြင်ကို တင်ပြရာတွင်လည်း တင်ပြရုံသက်သက်မဟုတ်စေရ ၊
အသိပေးရုံမျှမဖြစ်စေရပါ ။ ထိုသို့ပြောဆိုရခြင်းမှာလည်း ၀န်ကြီးချုပ်ဦးနုလက်ထက်က
ကျင့်သုံးခဲ့သော ဒီမိုကရေစီစနစ်၏အမှားမျိုး မမှားမိရန်သာဖြစ်ပါသည် ။
            နိုင်ငံတော်ဖွိ့ဖြိုးတိုးတက်ရန် ( HR ) က အထူးအရေးကြီးပါ၏ ။ သို့သော် စိတ်သ
ဘောထားမှန်ကန် ၊ ရည်ရွယ်ချက်မှန်ကန် ၊ ဖော်ဆောင်ချက်မှန်ကန်ဖို့က အခြေခံအချက်
များဖြစ်သည်ကို မမေ့သင့်ပေ ။ မည်သို့ပင်ဆိုစေကာမူ  မိမိနိုင်ငံကိုဦးဆောင်မည့်သူများ
မှာ နိုင်ငံမှပေါက်ဖွားသော နိုင်ငံသားများဖြစ်ပါ၏ ။ တစ်မြေတည်းနေ တစ်ရေတည်းသော
ပြည်ထောင်စုသားစစ်စစ်များဖြစ်ပါ၏ ။ ထို့ကြောင့်သူသူဌါဌါတို့၏ ဖြစ်ပြီးသားအတိတ်
အမှားတို့၌ လက်ညှိုးထိုးဝေဖန်ရာထက် တိုင်းသူပြည်သားများ၏ အကျိုးစီးပွားကို ရည်
မျှော်၍ တိုင်းသူပြည်သားများ၏ နေထိုင်မှုဘ၀အဆင်ပြေစေရန် ၊ တိုးတက်ကောင်းမွန်စေ
ရန်သာ ဦးတည်ချက်ထား၍ ဆောင်ရွက်သင့်ပေသည် ။ တိုင်းသူပြည်သားများကလည်း
နိုင်ငံအေးချမ်းသာယာပြီး စိးပွားရေးအဆင်ပြေချောမွေ့ဖို့ရန်သာ ဆန္ဒရှိသည်ကို မမေ့သင့်
ပေ ။
           ဘက်ဂျက်အားခွဲဝေသုံးစွဲရာ၌လည်း ဘက်ချက်၏၀င်ငွေပေါ်မူတည်၍ အမှန်စင်
စစ်လိုအပ်ပြီး အကျိုးရှိသောနေရာများ၌သာ ဦးစားပေးဆောင်ရွက်သင့်ပေသည် ။ ဆိုင်ရာ
ဆိုင်ရာဌာနတို့၌လည်း ကျွမ်းကျင်သောပညာရှင်များကို နေရာပေး၍ ထိုသူများ၏သဘော
ထားအမြင်များကိုလည်း လေးစားစွာသုံးသပ်ပြီး ဖော်ဆောင်သင့်သောကိစ္စရပ်များလည်း
လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်လှ၏ ။ ၄င်းတို့၏ အမြင်များအား ပြည်သူများသိရှိနိုင်
ရန် မီဒီယာများမှတစ်ဆင့် ဖော်ပြပေးရန်လည်း အထူးလိုအပ်လှပါသည် ။ သို့မှသာ နိုင်ငံ
သားများ၏ အသိဥာဏ်မျက်စိပွင့်လင်းပြီး နိုင်ငံတော်ဖွိ့ဖြိုးတိုးတက်ရေးအား ခြေလှမ်းမ
ကွာဘဲ ဆောင်ရွက်နိုင်ပေမည် ။ ထို့ကြောင့် မီဒီယာများ၏ ပြောရေးဆိုခွင့်ကဏ္ဍကိုလည်း
အထူးအလေးပေးရပါမည် ။ မီဒီယာများဘက်မှလည်း မှန်ကန်အကျိုးရှိသော သတင်းများ
ကို အချိန်နောက်မကျစေဘဲ ဆောင်ရွက်နိုင်ပေရမည် ။ မြန်မာနိုင်ငံသည် သဘာဝက
ပေးထားသော အခွင့်ကောင်းများရှိပါ၏ ။ ထိုအခွင့်ကောင်းများပေါ်တွင် အခြေတည်၍
တိုင်းသူပြည်သားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်မှာလည်း
အမှန်ပင်ဖြစ်ပါသည် ။
          နိုင်ငံတော်အားဘက်စုံဖွိ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ဖို့မလွယ်မှန်းသိပါ၏ ။
သို့သော် " တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ " ဆိုသည့် စကားပုံအတိုင်း တိုးတက်စည်ပင်
သာယာသော ၊ စည်းကမ်းပြည့်ဝ င်္လတ်လပ်သော နိုင်ငံတော်သစ်ကို ဖော်ဆောင်ရန် ခြေ
လှမ်းမှန်မှန် ၊ စည်းချက်မှန်မှန်သွားက တစ်နေ့တွင် မုချမသွေ ကမ္ဘာ့အလည်၌ အရေးပါ
သော နိုင်ငံတစ်ခုဖြစ်မည်မှာ မလွဲပါပေ ။ အခြေခံအားဖြင့် မြန်မာနိုင်ငံသည် ဗြဟ္မစိုရ်
တရား ထွန်းကားသည့်နိုင်ငံဖြစ်သည့်အလျှောက် စိတ်ဓာတ်ခွန်အား သိမ်မွေ့ဖြူစင်အား
ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ထိုကောင်းမွန်သောစိတ်အခြေခံပေါ်တွင် သဘောထား
ကြီးသောအမြင် ၊ မိမိသည် နိုင်ငံသားတစ်ယောက်ဖြစ်၍ မိမိမကောင်းလျှင် နိုင်ငံလည်း
ကောင်းမွန်နိုင်မည်မဟုတ်ကြောင်းကို နိုင်ငံဦးဆောင်သုများနှင့်ပြည်သူပြည်သားများက
ပါ သတိကြီးကြီးထားပြီး ဆောင်ရွက်ရပေမည် ။ နိုင်ငံခြားရေးတွင်လည်း ပြည်ပရောက်
မြန်မာပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့်တကွ လူ့အခွင့်အရေးများအား
အခြားနိုင်ငံသားများနည်းတူ ခံစားခွင့်ရရှိရန် သက်ဆိုင်ရာနိုငိငံ၏ မြန်မာသံအမတ်များက
အမျိုးသားရေးအကျိုးစီးပွားအလို့ဌါ စောင့်ရှောက်ကာကွယ်ပေးရပါမည် ။ မိမိနိုင်ငံသား
များက နည်းလမ်းမှန်လျှင် ထိုသူများအားနစ်နာမှုမရှိစေရန် ဆောင်ရွက်ပေးရပေမည် ။
နိုင်ငံတွင်းအုပ်ချုပ်ရေးတွင်လည်း အောက်ခြေကလူတွေက အထက်အမိန့်ကိုပဲ ဦးလည်
မသုန် လိုက်နာမှာလား ၊ ပြည်သူဘက်ကိုလိုက်ရမှာလားဆိုသည့်အချက်ကိုလည်း စော
ကြောသင့်ပေ၏ ။
          အချုပ်ဆိုရလျှင် ဖြစ်ပေါ်လာသော နိုင်ငံတော်အပြောင်းအလဲတွင် အတိတ်က
မညီညွှတ်သောကြောင့် အစစ အရာရာ နောက်ကျကျန်ရစ်ခဲ့ရသော အခြေအနေမျိုး မဖြစ်
စေရန် ၊ ဟိုတစ်ချိန်က နည်းပညာအားနည်းခဲ့၍ လူတွေအသိဥာဏ်အားနည်းခဲ့ရပြီး နိုင်ငံ
ဖွိ့ဖြိုးမှုနှောင့်နှေးခဲ့ရတယ်လို့ မှတ်ယူနိုင်ပေမဲ့ အခုလို သတင်းနည်းပညာခေတ် ၊ ဥာဏ်ပ
ညာ ဦးစီးတဲ့ခေတ်မှာ မိမိတို့ရဲ့အနာဂတ်ကို ပီပြင်စွာတည်ဆောက်နိုင်ရန် ၊ လွတ်လပ်
သောနိုင်ငံတော်သစ်အဖြစ်ရပ်တည်ပြီး လွတ်လပ်လင်းပွင့်သော အကျိုးတရားများဖြစ်
ထွန်းစေရန် ၊ အထက် ၊ အလယ် ၊ အောက် လေးစားနားလည်ညှိုနှိုင်းရင်း ရစ်သမ်ကျကျ
တိုးတက်စည်ပင်သာယာဝပြောပြီး လှပသောနိုင်ငံတော်ပုံရိပ်ကို ထုဆစ်နိုင်ရမည်
ဖြစ်ပေသည် ။
                                                                                                               နိုင်ရဲသွေး

                                                                                                          13 . feb .2011 .

No comments:

Post a Comment