ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 13, 2013

ဆရာမောင်ချောနွယ်အမှတ်တရ ( နံရံကပ်စာစောင် ) ဓားသွားအောက်က ကိုယ်ကျင့်တရားများ


ဆောင်းနှင်းမြူလို အလွမ်းများ လွှမ်းခြုံရစ်သမ်းရင်း
ဒီဇင်ဘာဟာ မြားတန်းလန်းနဲ့ မွေးဖွားလာခဲ့ပြီ
မြင်မြင်သမျှ ရှုခင်းများဟာ
တစ်စုံတစ်ရာကို ဆာလောင်ခံစား နာကျဉ်းနေသယောင်
ခေါင်းဆတ်ဦးညွှတ်လိုက်ပါတယ် ကိုချောနွယ်
အိပ်စရာမရှိတဲ့ညတွေမှာ
မိုးတွေအရမ်းရွာနေခဲ့ကြပြီ
ဟောဒီ့ စကြာဝဠာကြီးထဲ
ထိရှအလွယ်ဆုံးအရာဟာ လူသားတွေပါလို့
ပြောရင် ခင်ဗျားငြင်းမလား
ဒီလိုနဲ့ .......
ဒီဇင်ဘာဖွားတစ်ယောက်ရဲ့ လမ်းတစ်လျှောက်မှာ
ဧကရာဇ်ပန်းတွေဟာ ဖွေးဖွေးလှုပ်လို့
ဒီအရေးအသားမှာ ငါဟာချော်လဲရင်း
ပွင့်လိုက်ကြွေလိုက် ဆက်ဆံရေးထဲ
ငါတန်ဖိုးထား မြတ်နိုးရတဲ့ သူတွေတော့ မပါစေချင်
ကမ္ဘာဦးဟာ မယဉ်ကျေးခဲ့ဘူး ဆိုလည်း
ပန်းတွေကတော့ ရဲရဲရင့်ရင့်ကို ပွင့်ခဲ့ကြလေတယ်
ငါတို့စောင့်မျှော်နေတဲ့ သူရဲကောင်း ( အမှန်တရား ) ဟာ
ကောဇောပျံ မဟုတ်တောင်
အနိမ့်ဆုံး အာဖရိက တောအုပ်ထဲက
မြင်းရိုင်းတစ်ကောင်လောက်စီးပြီး
ထွက်လာကောင်းပါရဲ့
တကယ်ဆို
ခင်ဗျားရဲ့ မျှော်လင့်ခြင်းထမင်းသိုးတွေသာ
ကျွန်တော်တို့ဘဝတွေကို ထမ်းပိုးရင်း
မိမရှိ ဖမရှိ ကမ္ဘာကြီးလို့ တွေးနေတတ်ခဲ့ပြီ
အဆုံးကနေပြန်စရရင် အစကနေပြန်ဆုံးရရင်
သံသယတွေ လှိုင်လှိုင်ပွင့်နေတဲ့ ဒီတောအုပ်ကြီးထဲ
အရှုးမီးဝိုင်းညတွေဟာ
ဒီလိုနဲ့.........
မိုးမှလင်းလာပါဦးမလား ။

                                                                         ကိုဥာဏ် ( ဝမ်းတွင်း )

ကျွန်တော့်သူငယ်ချင်း ကိုဇေယျာလင်း ( ကိုဥာဏ် ) ရဲ့ ဆရာမောင်ချောနွယ်
အတွက် ရေးထားတဲ့ ကဗျာလေးပါ..။ သူ့ရဲ့ကဗျာပေါ်ထားတဲ့ ဒီလိုပါ..။

တကယ်ဆို ကဗျာတွေကို မြတ်နိုးတန်ဘိုးထား ချစ်ခင်နားလည်ခဲ့မယ်ဆိုရင်
အဲ့ဒီ့လူတစ်ယောက်ဟာ ယဉ်ကျေးမှုတွေ မြင့်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်
ဒီနေရာမှာ ကိုယ်သုံးတဲ့ယဉ်ကျေးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု့ဆို
တာထက် စိတ်ပိုင်းဆိုင်ရာ ရှင်သန်ကြီးထွားလန်းဆန်းတည့်မတ်စေတဲ့အရာဆိုရင်
ပိုမှန်ပါလိမ့်မယ်....

                                                   ဇေယျာလင်း






No comments:

Post a Comment