ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Monday, August 26, 2013

စတုတ္ထမဏ္ဍိုင်အားဝက်အူရစ်တင်းခြင်း ( သို့ ) ပြည်သူများ၏ အသိဥာဏ်အလင်းတံခါးအား ပိတ်လိုက်ခြင်း August 26, 2013 at 5:17pm

   ကျွန်တော်က စာနယ်ဇင်းသမားတစ်ယောက်မဟုတ်ပေမဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းပါ ပုဒ်မ ( ၃ ) မှတ်ပုံ

တင်အရာရှိထံ ပုံနှိပ်ထုတ်ဝေခွင့် လျှောက်ရခြင်း ၊ ပုဒ်မ ( ၄ ) ၁၆ အရ မှတ်ပုံတင်ရုံးက အသိအမှတ်ပြုပေးမှ ပုံနှိပ်ထုတ်ဝေနိုင်ခွင့် ၊

ပုဒ်မ (၅ )အရ ဤဥပဒေနှင့်ဆန့်ကျင်သည်ဟု ယူဆလျှင် ထုတ်ဝေခွင့်ကို ရပ်ဆိုင်းနိုင် ၊ ရုပ်သိမ်းနိုင်ဆိုသည့် မှတ်ပုံတင်အရာရှိနှင့်

ယင်းရုံး၏ လုပ်ပိုင်ခွင့်ကို ပြည်သူတစ်ယောက်ရဲ့အမြင်နဲ့ လွတ်လပ်စွာ ထင်မြင်သလောက်ရေးသားရခြင်းဖြစ်ပါတယ် ။

       ထုတ်ဝေခြင်းမပြုရတားမြစ်သောအချက်ငါးချက်ရှိသည် ။

( က ) တိုင်းရင်းသားလူမျိုးအချင်းချင်းနှင့် အခြားဘာသာ သာသနာကို ထိခိုက်စေသည့်အကြောင်းများ

( ခ ) တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေမှု ၊ ဆူပူအကြမ်းဖက်မှု့ကို ဖြစ်ပွားစေမှု

( ဂ ) ညစ်ညမ်းစာ

( ဃ ) ပြစ်မှုကျုးလွန်အောင် အားပေးလှုံ့ဆော်မှု

( င ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကိုဆန့်ကျင်သောစာများ ဟူ၍ဖြစ်ပါသည် ။

      ကျွန်တော်တို့ပြည်သူတွေဟာ သတင်းကောင်းတွေ ၊ အရသာရှိတဲ့စာတွေဖတ်ခွင့်ရလို့စိတ်အာဟာရလေး မ၀ရေစာစားသုံးနေရ

တာပဲရှိသေးတဲ့အခြေအနေမှာ ဒီဥပဒေပြဋ္ဌာန်းချက်ဟာ လည်ပင်းကိုလာညှစ်သလို အသက်ရှုမ၀တဲ့ ခံစားမှုကို တိုက်ရိုက်ထိတွေ့ခွင့်

ပေးလိုက်သလိုပါပဲ ။ သြော် ..... စေတနာကောင်းလေစွ ... ရင်မထုပဲနာရပါတယ် ။ တို့တိုင်းပြည် ပြည်သူလူထုက ဘယ်ကြမ္မာဝဋ္ဋ်များ

အဘယ်ကြောင့် ဤမျှကြီးမားနေရပါသလဲလို့တောင် တွေးမိပါတယ် ။ တစ်သက်နဲ့တစ်ကိုယ် ရင်မောတယ်ဆိုတဲ့ဟာကို ခုမှပဲ ခန္ဓာ

ဥာဏ်ရောက် ခံစားမိပါတော့တယ်အရပ်ကတို့ရေလို့သာ စိတ်သွားတိုင်းကိုယ်ပါအောင် အော်ဟစ်ပစ်လိုက်ချင်ပါတော့တယ် ။

    ကျွှန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ( ၈ ) နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ရဲ့ ပုဒ်မ

( ၃၅၄ ) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး ၊ ရပ်ရွှာအေးချမ်းသာယာရေး ( သို့ ) ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုး

ဌာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါအခွင့််အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွှက်ခွင့်ရှိသည်လို့

ပါပါတယ် ။ အဲဒီ့မှာ ပထမဆုံးဖော်ပြပေးတာက မိမိ၏ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို

ခွင့် ၊ ရေးသားဖြန့်ဝေခွင့်ဆိုတဲ့အချက်ပါ ။ ကျန်အချက်များမှာ ဤဆောင်းပါးနှင့်တိုက်ရိုက်မသက်ဆိုင်၍ ချန်လှပ်ထားခဲ့ပါသည် ။

      စာနယ်ဇင်းသမားများမှာလည်း ကျင့်၀၀တ်တွေ ၊ လိုက်နာ စောင့်ထိန်းရမှာတွေရှိပါတယ် ။ အဓိကက စာနယ်ဇင်းတစ်စောင်

ရပ်တည်နိုင်ခြင်းဟာ ပြည်သူရဲ့အားပေးမှုရလို့ပါ ။ စာနယ်ဇင်းတစ်စောင်က မဟုတ်မမှန် ၊ မတော်မတည့် ရေးသားဖြန့်ဝေရင်

ရေရှည်မရပ်တည်နိင်ပါဘူး ။ စာဖတ်သူပ်ြသူလူထုထဲမှာ စာကိုနောက်ကလိုက်ဖတ်နေသူတွေချည်းပဲ ရှိနေသည်မဟုတ်ပါ ။ စာကို

ရင်ဘောင်တန်းလိုက်ဖတ်သူ ၊ စာကိုရှေ့ကကျော်ဖတ်သူတွေလည်းရှိပါတယ် ။ စာနယ်ဇင်းတစ်ဆောင် ၊ စာတစ်အုပ်ရဲ့ ရပ်တည်မှု

ကို စာဖတ်သူတွေကဆုံးဖြတ်ပေးမှာအမှန်ဖြစ်တဲ့အတွက် ဒီကိစ္စဟာ အထွေအထူးဟန့်တားပိတ်ပင်ရမဲ့အရာမဟုတ်ပါဘူး ။

     ကျွန်တော့်အနေနဲ့ပြောရရင် အမှန်တကယ်ဖြစ်သင့်တာက မီဒီယာသမားတွေအတွက် စာနယ်ဇင်းလွတ်လပ်ခွင့်ကိုကာကွယ်

စောင့်ရှောက်တဲ့ ဥပဒေတွေပြဋ္ဌာန်းပေးရမှာပါ ။သူတို့ကို ဒီမိုကရေစီရဲ့အသက်သွေးကြောဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့် ၊ ရေးသား

ထုတ်ဝေခွင့်ကို တကယ်လက်တွေ့ပြည့်ပြည့်၀၀ နောက်ဆံမတင်းဘဲ ရေးသားပြောဆိုနိုင်အောင်လုပ်ပေးရမှာပါ ။ ဒါမှလည်း

နိုင်ငံသားတွေ တစ်စတစ်စ အသိဥာဏ်အမြင်ပြည့်ဝလာမှာပါ ။ ဒါမှလည်း ပညာရေးကိုမြှင့်တင်နိုင် ၊ လူမျိုးရေးကိုငြိမ်းချမ်းနိုင် ၊

ဥာဏ်ပညာ ဗဟုသုတရှိနိုင် ၊ ပြဿနာများကို ကြောင်းကျိုးဆီလျှော်စွာ ဖြေရှင်းနိုင်တဲ့သူတွေပေါများလာမှာပါ ။

     ဒီမိုကရေစီအမှန်အကန်နိင်ငံတွေမှာ စာနယ်ဇင်းဆိုတာ အစိုးရရဲ့ထိန်းချုပ်မှုအောက်က ကင်းလွတ်ပါတယ် ။ ခုလိုကန့်သတ်ဖို့

ကြိုးပမ်းတာဟာ အနှစ်သာရမပါတဲ့ ဗလာဒီမိုကရေစီ ( empty democracy ) ဒီမိုကရေစီနှင့် အာဏာပိုင်စနစ်ပူးတွဲထားတဲ့

စပ်ကြားအစိုးရစနစ် ( hybrid regime ) ဆိုတာကို ပြသလိုက်တာပါ ။ တစ်နည်းအားဖြင့်ပြောရရင် တိုင်းပြည်အပေါ် ချစ်ခြင်း

မေတ္တာနဲ့အုပ်ချုပ်တာမဟုတ်ဘဲ အကြောက်တရားနဲ့အုပ်ချုပ်နေတယ်ဆိုတဲ့သဘောကို ပြသနေခြင်းလို့ ယူဆလို့ရပါတယ် ။

     လောကမှာကြောက်စရာအကောင်းဆုံးက ကြောက်စိတ်ပါ ၊ ကြောက်ပြီဆိုမှတော့ စေတနာ ၊ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ဆိုတဲ့

ကုသိုလ်စေတသိတ်တွေမဖြစ်ပေါ်လာနိုင်ပါဘူး ။ ကုသိုလ်စိတ်မပေါ်ရင် ပေါ်မှာက အကုသိုလ်စိတ်တွေပါ ။ အပြုသဘောမဆောင်

အပျက်သဘောသာဆောင်တော့မှာပါ ။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ရဲရဲရင့်ရင့်နဲ့ ( rule of law ) ဥပဒေသည် အထွတ်

အထိပ် နေရာမှာရှိတယ်ဆိုတဲ့ စကားရပ်ကိုကိုင်စွဲပြီး လုပ်ဆောင်ပြနေပေမဲ့ နောက်ကလိုက်တဲ့အင်အားက အတော်နည်းပါးပါ

တယ် ။ များသောအားဖြင့် ယခင်အကျင့်ဟောင်းထဲမှာ ၊ ဥခွံဟောင်းထဲမှာ နေချင်စိတ်ကများပြီး ( rule by law ) စိတ်ထင်

တိုင်း ဥပဒေပြဋ္ဌာန်းအုပ်ချုပ်ဖို့ လုပ်နေကြတာတွေ တွေ့တွေ့နေရပါတယ် ။

     နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကိစ္စများကို အဆုံးအဖြတ်ပေးနိုင်တဲ့နေရာဟာ တရားရုံးသာဖြစ်ရပါမယ် ။ ဋ္ဌာနတစ်ခုခုမှ

ဆောင်ရွှက်၍မရကြောင်းကို သဘောပေါက်စေချင်ပါသည် ။ နိုင်ငံတော်ကိုဦးဆောင်ဦးရွှက်နေရာတွင်နေကြသူများ နေရာမှား

ဆောင်ရွှက်ခြင်းများ မဖြစ်ပေါ်ရန် သတိထားဆောင်ရွှက်ရန်လိုပါသည် ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ အမှန်တကယ်ဖြစ်စေချင်

လျှင် စာနင်းဇင်းလွတ်လပ်ခွင့်မရှိဘဲ မရနိုင်ဘူးဆိုတာ သဘောပေါက်နားလည်သင့်ကြောင်းပါ ။


                                                                                           အနုပညာကိုခံစားပါ ။


                                                                                  သဘာဝကိုချစ်မြတ်နိုးပါ ။

တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာအပြည့်ပါသည့် မှန်ကန်သော အကျိုးလိုလားမှု ရှိပါစေ ။ 


                                                                                          နိုင်မင်းဦး ၊ 27 . august . 2013 .






ဘုရားသခင်အား သူ မ.မ နိုင်သောကျောက်တုံးကိုဖန်ဆင်းခိုင်းခြင်း ( သို့ ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ။

         ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လေ့လာရေးကော်မတီအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်`၌ ဇူလိုင်လ ( ၂၅ ) ရက်

တွင် အတည်ပြုဖွဲ့စည်းပေးလိုက်ပါသည် ။ ထို့ကြောင့် လက်ရှိအစိုးရက ဘယ်အချက်တွေကိုပြင်ဆင်မလဲ ၊ ဘယ်လိုနည်းလမ်းတွေခင်း

ပြီး သွားနိုင်မလဲဆိုတာကို လေ့လာစောင့်ကြည့်ရပါအုံးမည် ။ ယ္ခုအချိန်ထိတော့ ပြင်မလား ၊ အသစ်ပြန်ရေးမလား ဆိုသော ဝေဖန်သုံး

သပ်ချက်များမှလွှဲ ၍ ဘာမှမကြားရသေးပါ ။

         အဆိုတင်သွင်းသည့်ပါတီက ပြည်ခိုင်ဖြိုးပါတီဖြစ်ပါသည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ( အခန်း ( ၁၂ ) ဖွဲ့

စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ( ၄၃၃ ) မှ ( ၄၃၆ - ပုဒ်မခွဲ ( ခ ) အတွင်းပါအချက်အလက်များနှင့်ကိုက်ညီ ပြင်ဆင်ရမည်

ဖြစ်ပါသည် ။

        ပထမအဆင့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ( ၄၃၄ ) အရ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရ

မည် ။ ဤတွင် ပုဒ်မ ( ၄၃၅ ) အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀% ( ၁၃၃ ) ယောက်က ပြင်ဆင်လိုသည့်အချက်ကို

တင်ပြရပါမည် ။

      ဒုတိယအဆင့်အနေဖြင့် ပုဒ်မ ( ၄၃၆ - ( ခ ) ) အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ % ကျော်က ထောက်ခံပေးရန်

လိုအပ်ပါသည် ။ ဤအချက်တွင် ၂၅ % ရှိသော တပ်မတော်သားကိုယ်စားလှယ်များ၏ ထောက်ခံမှုက အခရာကျပါသည် ။ တပ်မတော်

သားကိုယ်စားလှယ်များ အနည်းဆုံး ၅ % ထက်မနည်း မထောက်ခံလျှင် ပြင်ဆင်ခွင့်မရနိုင်ပါ ။

     တတိယအဆင့်အနေဖြင့် ပုဒ်မ ( ၄၃၆ ( က ) အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ % ကျော်က ပြင်ဆင်ရန်

သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရ မည်ဟုပါရှိပါသည် ။

       အဲဒီ့တော့ ပုဒ်မ ( ၄၃၅ ) နဲ့ ( ၄၃၆ ( ခ ) ) ကို ဖြတ်ကျော်နိုင်တယ်ပဲထား ၊ ပုဒ်မ ( ၄၃၆ ( က ) ) မှာ ဖြစ်နိုင်ချေက ဆယ်ရေးတစ်ရေးမသေချာပါဘူး ။ ကျွန်တော်တို့တိုင်းပြည်က ပြည်သူလူထုကလည်း အနှစ် ( ၅၀ ) ကျော်ဆွိ့အ နားမကြား သလို

နေခဲ့ရတော့ ထုံအ အ နေခဲ့တာ တော်တော်များများပါ ။ ဒါတွေကိုဘယ်လိုရှင်သန်အောင်လုပ်မလဲ ၊ ဒီလိုအပိတ်မှောင် လူ့အဖွဲ့

အစည်းကို ဘယ်လိုအလင်းတွေပြန်ပေးရမလဲဆိုတာ ပထမဆုံးလှမ်းရမဲ့ ခြေလှမ်းပါ ။ ဒါက လက်ရှိမှာ ဒီအတိုင်းအမှန်ဖြစ်နေတာပါ

ဒါကြောင့် ဒီအခြေခံဥပဒေကို စေတနာအပြည့်အ၀နဲ့ တကယ်ပြောင်းလဲစေချင်ရင် ၊ ပြည်သူတစ်ရပ်လုံး လိုက်ပါစေချင်ရင် လက်ရှိ

အာဏာရပါတီနဲ့နိုင်ငံရေးပါတီတိုင်းက လူ့အခွင့်အရေးတွေ ၊ နိုင်ငံရေးသဘောတရားတွေ ၊ ဒီမိုကရေစီ မူဝါဒရဲ့ တကယ့်ဖော်ဆောင်

ရမဲ့အချက်အလက်တွေကို ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ထဲရောက်အောင် အသိပညာကွင်းဆင်းဖြန့်ဝေပေးဖို့ မဖြစ်မနေလိုပါတယ် ။

     ဒီလိုမှမလုပ်နိုင်ဘူးဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွေ ၊ အသစ်ပြန်ပြင်ဆွဲဖို့တွေဆိုတာတွေက ရာဇ၀င်

ထဲမှာ မောင့်ကိုထားရစ်ခဲ့ဆိုသလိုနေမှာပါ ။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံစဆွဲကတည်းက ပြင်ဆင်လို့မရနိုင်လောက်အောင် ဆွဲခဲ့လို့

ပါ ။ ကျွန်တော်ပြောခဲ့သလိုပါပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ဘုရားသခင်ကို သူ မ မ နိုင်တဲ့ကျောက်တုံးကို

ဖန်ဆင်းခိုင်းသလို ဘယ်လိုမှမဖြစ်နိုင်တဲ့အရာဆိုတာ သဘောပေါက်မိကြလိမ့်မယ်လို့ထင်ပါတယ် ။

     ပြည်သူတွေကိုလိုက်ပါဆောင်ရွှက်ဖို့ ခုကတည်းက လမ်းမလျှောက်သေးရင် ပြည်သူ့ဆန္ဒမဲ ထက်ဝက်ကျော်ရဖို့အရေး ဆိုတာ

မလွယ်လောက်ဘူးဆိုတာ အားလုံး မမေ့လျှော့ပါနဲ့လို့ဆိုချင်ပါတယ် ။ အဓိက ပြောစရာဖြစ်မှာက  အာဏာရပါတီက တတ်နိုင်

မျှ အကုန်လိုက်လျှောလျှက်နဲ့ ပြည်သူ့ထောက်ခံမဲမရလို့မပြင်နိုင်ဘူးဆိုတာဖြစ်မှာစိုးလို့ပါ ။

    နောက်ဆုံးပြောချင်တာက လူဆိုတာ တစ်နေ့သေရမှာပါ ။ ဘာမှလည်းယူသွားမရပါဘူး ။ ယူမရပေမဲ့ ၊ ပေးမရပေမဲ့ ပါသွားတာ

တစ်ခုရှိပါတယ် ။ အဲဒါ နာမည်ပါ ၊ သမိုင်းပါ ။ မေတ္တာထားရင် မေတ္တာသမိုင်းပါ ။ ရက်စက်ရင် ရက်စက်ခဲ့တဲ့သမိုင်းပါ ။ ဘယ်သူသေ

သေ ငတေမာပြီးရောဆိုတာ စကားပမာပဲ ရှိတာပါ ။ တကယ်က ငတေပဲပြန်ခံရတာပါပဲ ။ အဓိက ကျွန်တော်တို့နှလုံးသွင်းရမှာက

အဓမ္မဟာ ဓမ္မကို ဘယ်သောခါမှ အပြီးသတ် အနိုင်မယူနိုင်ဘူးဆိုတာကိုပါပဲ ။


                                                                                                  အနုပညာကိုခံစားပါ ။

                                                                                                 သဘာဝ မြတ်နိုးပါ ။

                                  တိုင်းပြည်နဲ့လူမျိုးပေါ် စေတနာအပြည့်ပါသည့် မှန်ကန်သောအကျိုးလိုလားမှု ရှိကြပါစေ ။


                                                                                      နိုင်မင်းဦး ..... 22 . 8 . 2013 .                             







Friday, July 19, 2013

အမုန်းအိပ်မက်mp3

( ၆၆ ) နှစ်မြောက်အာဇာနည်နေ့ အတွေး

              အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံး
ခဲ့တာ ( ၆၆ ) နှစ်တိုင်ခဲ့ပါပြီ ။ ဘာအတွက်အသက်ပေးခဲ့ရတယ် ဆိုတာ တွေးမိရင်း ခုရောက်ရှိနေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်စဉ်းစားမိတယ် ။ ဗိုလ်ချုပ်တို့က ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ နယ်ချဲ့အင်္ဂလိပ်နဲ့တကွ ၊ ဖက်ဆစ်ကိုတော်လှန်တယ် ။ ကျွန်တော်တို့က တစ်ပါတီစနစ်နဲ့ စစ်အုပ်ချုပ်ရေးကိုတော်လှန်တယ် ။ ကွာသွားတာက တိုင်းခြားပြည်သားနဲ့ ကိုယ့်အမျိုးသားအချင်းချင်းပါပဲ ။ ဘာလို့တော်လှန်ရသလဲ ..?  မတရား
ဖိနှိပ်ချုပ်ခြယ်လို့ပဲ .။ ပြည်သူတွေက ဘယ်လိုဖြစ်သွားလဲဆိုတော့ ၀မ်းစာတောင်အနိုင်ရှာစား ၊ ဘယ်သူ့ကိုမှ
ကျွေးချင်လျှက်နဲ့ မျက်နှာလွှဲခဲ့ရတာတွေအများကြီး ၊ ဘယ်လောက်ထိတွေးမိသလဲဆိုရင် ဒုက္ခဆိုတာ မြန်မာ
ပြည်မှာလူလာဖြစ်ရတာကိုခေါ်တာလားလို့တွေးမိတဲ့အထိပဲ ။

            အခုတော့ပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးပါမယ်လို့ ဘယ်လိုပဲပြောပြော မယုံတစ်ဝက်ယုံတစ်ဝက်
ယုံရခက်ကြီးဖြစ်နေတုန်းပါ ။ နှစ်ပေါင်း ( ၅၀ ) လောက်အမှောင်ကမ္ဘာထဲမှာနေခဲ့တော့ အလင်းအစစ်အမှန်
ကို ရှာဖို့မလွယ်သေးဘူးလို့ပဲ မှတ်ယူပါတယ် ။ လူကြီး ၊ လူလတ် ၊ လူငယ် အရွှယ်သုံးပါးစလုံး နိုင်ငံတော်
ကို ရှေ့သို့မောင်းနှင်ဖို့ရာ အင်အားတွေအများကြီးလိုနေသေးတယ်လို့ သဘောပေါက်မိတယ် ။ ဒါကိုနားလည်
တတ်သိသူတွေက အသိဥာဏ်ပညာတိုးအောင် လှုံ့ဆော်ရေးတွေ ၊ ပညာပေးတွေ အမြို့မြို့ ၊ အနယ်နယ်မှာ
လုပ်ဖို့လိုပါတယ် ။

          အပိတ်မှောင်ထဲမှာအားလုံးသောပြည်သူတွေက မောပန်းနေတာကို အမောဖြေဆေး ဘယ်လိုတိုက်ကျွေးမလဲလို့စဉ်းစားပြီး မိမိတတ်စွမ်းသလောက် အကျိုးပြုနိုင်အောင် ဆောင်ရွှက်နိုင်ပါစေလို့
အကျိုးမျှော် နှုးဆော်လိုက်ပါတယ်။

Friday, May 3, 2013

ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေဖြစ်စေဖို့

      ကိုးကွယ်ယုံကြည်မှုအခင်းအကျင်း

     ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံတွင်မဆို ကိုးကွယ်ယုံကြည်မှုသည် တစ်ဦးနှင့်တစ်ဦးမတူခြားနားသည်နှင့်အမျှ ကွဲလွဲချက်ရှိနေသည်မှာ

သဘာဝပင်ဖြစ်ပါသည် ။ လူသားတိုင်းလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုပေးခြင်း ၊ ဘာသာတရားတိုင်းအပေါ်တရားဥပဒေအရအကွာ
အကွယ်ပေးခြင်းမှာ ယဉ်ကျေးသောလူ့ဘောင်အဖွဲ့အစည်းရှိသည့် နိုင်ငံတစ်ခု၏ ပြယုဂ်ပင်ဖြစ်ပါသည် ။ စစ်အုပ်ရေးမှ အသွင်ပြောင်း

လာသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် ပိတ်မိနေသောကြောက်စိတ်များ၏ထွက်ပေါက်တစ်ခုဖြစ်သည့် မိတ္ထီလာအရေးအခင်းသည်

ကမ္ဘာကမြန်မာနိုင်ငံအစိုးရနှင့်မြန်မာပြည်သားတို့အပေါ်ထားရှိသော သဘောထားများအတိုင်းအတာတစ်ခုလောက်ထိ ပြောင်းသွား

မည်မှာအသေအချာပင် ။ သို့သော် မြန်မာပြည်သူတို့၏ ရှင်သန်ခဲ့ရသောနိုင်ငံရေးပတ်ဝန်းကျင်ကျင်ကို နားလည်သဘောပေါက်သော

ဥရောပနှင့်အမေရိကတို့က ဆန်ရှင်တော်တော်များများရုပ်သိမ်းပေးခဲ့သည်မှာ အစိုးရနှင့်တကွ မြန်မာပြည်သူများပေါ်နားလည်စာနာ

ခြင်းကို လက်တွေ့ပြသလိုက်ခြင်းဖြစ်သည် ။ ထိုအတွက် ယဉ်ကျေးသော ၊ မွန်မြတ်သော တရားတော်အဆုံးအမအောက်တွင်ရှိနေ

သော မြန်မာပြည်သူပြည်သားများသည် ကိုးကွယ်ယုံကြည်မှုနှင့်ဆက်နွယ်သော အကြမ်းဖက်လုပ်ရပ်များအား ထပ်၍မလုပ်မိစေရန်

အသိဥာဏ်ယှဉ်ကာ သတိထားဆောင်ရွှက်သင့်ပေသည် ။ ပြည်သူတစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် နိုင်ငံတော်၏ပုံရိပ်ကို

ဖော်ဆောင်နိုင်သည်ကိုသတိချပ်၍  မိမိနှင့်တစ်မြေတည်းနေသည့် အသားအရောင်မတူ ၊ စကားမတူ ၊ ဘာသာမတူသူများအပေါ်မှာ

နိုင်ငံကြီးသားပီသစွာ ပေးသင့်သည့်အခွင့်အရေးပေးခြင်းဖြင့် စည်းစနစ်ရှိသော ၊ သဘောထားမြင့်မြတ်သော ၊ သာယာစည်ပင်သည့်

နိုင်ငံတစ်ခုအဖြစ်ထူထောင်ရပေမည် ။

                                                           ပြည်သူတို့ရဲ့ဆန္ဒ နှင့် အစိုးရ၏ လုပ်ဆောင်ချက်

      အစိုးရသစ်တက်လာပြီးသည့်သက်တမ်းနှစ်နှစ်ခွဲအတွင်း မြန်မာပြည်အတွင်း လယ်ယာမြေမတရားသိမ်းပိုက်ခံရခြင်းနှင့်

စပ်လျှင်းသည့်အမှုကိစ္စများ အများဆုံးကြုံတွေ့နေရသည် ။ ယခင်အာဏာပိုင်များလုပ်ခဲ့သမျှ တာဝန်ယူဖြေရှင်းပေးနေရသော

အစိုးရမှာလည်းခေါင်းခဲနေသည်မှာအမှန်ပင် ဖြစ်ပေလိမ့်မည် ။ အထင်ရှားဆုံးမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စဖြစ်

သည် ။ မြေယာလျှော်ကြေးမယူသည့် တောင်သူများအဆင်ပြေအောင်မည်သို့ဆောင်ရွှက်ပေးရမည်ကို ထပ်မံစဉ်းစားလုပ်ဆောင်

စေလိုပါသည် ။ လက်ပံတောင်းတောင်စီမံကိန်းမှာ ပွင့်လင်းမြင်သာမှုအားနည်းနေသည်ဟုယူဆရပါသည် ။ နိုင်ငံတည်ဆောက်

ရေးတွင် အရင်းအနှီးမရှိမဖြစ်လိုအပ်သည်မှာမှန်သော်လည်း စီမံကိန်းမှရရှိသောအကျိုးအမြတ်နှင့်ဒေသတွင်း ပတ်ဝန်းကျင်

ထိမ်းသိမ်းရေး ၊ လူထု၏ကျန်းမာရေးထိခိုက်မှုအခြေအနေ ၊ စိုက်ပျိုးမြေနှစ်ရှည်လုပ်ဆောင်ခွင့်မရရှိမည့်အခြေအနေနှင့် ၊ နိုင်ငံ

တွင်း သယံဇာတရှားပါးမှုအတိုင်းအတာ နှင့် လူသားနှလုံးသားခံစားချက်များကို ထည့်စဉ်းစားပေးရမည်ဟု ထင်မိပါတယ် ။

အမှန်တကယ်အကျိုးများသည်ရှိသော် ဒေသတွင်းနေထိုင်သည့် လယ်သိမ်းပိုက်ခံတောင်သူများအနေဖြင့် လက်ပံတောင်းတောင်

စီမံကိန်းမှ ရရှိသည့်အကျိုးအမြတ် ရာခိုင်နှုန်းမည်မျှလောက်ခံစားခွင့်ရှိရမည်ဆိုသောအချက်ကိုလည်းမမေ့အပ်ပေ ။ ထိုအရာနှင့်

ပတ်သတ်၍ အစိုးရက အချိုးမည်မျှသတ်မှတ်ထားပါသလဲ ။ နောက်တစ်ဖန်စဉ်းစားစရာလိုသည်မှာ သယံဇာတဟူသည် ထုတ်သုံး

၍ မကုန်ခမ်းနိုင်သောအရာမဟုတ်သည်ပင် ။ သဘာဝ သယံဇာတဆိုသည်မှာ နိုင်ငံတွင်းနေထိုင်သည့် ခေတ်အဆက်ဆက်သော

ပြည်သူများ၏ ဓနဥစ္စာအစစ်ဆိုခြင်းပင် ။ နိုင်ငံတော် ဖွင့်ဖြိုးတိုးတက်အောင်လုပ်နိုင်သည်မှာ သယံဇာတထုတ်ဖော်အသုံးချခြင်း

မဟုတ်ပါ ။ လူထု၏ ကျန်းမာရေး ၊ ပညာရေးက အဓိက မောင်းနှင်ခြင်းဟုယူဆပါသည် ။ မြန်မာလူမျိုးအများစုက သံယောဇဉ်ကြီး

တတ်သူများဖြစ်သည်ကိုလည်း အားလုံးအသိပင် ။ မိမိ၏ ၀ိုင်းခြံတွင်းက သစ်ပင်တစ်ပင် မိမိမရှိသည့်ကာလတွင် ခုတ်ထွင်ဖြစ်သည်

ပဲဖြစ်စေ ။ သဘာဝအရ သေဆုံးသွားသည်ပဲဖြစ်စေ ရင်မှာထိချုက်တစ်ချက်ဖြစ်ရသူချည်းပင်ဖြစ်ပါသည် ။ မိမိဒေသနှင့်သက်ဆိုင်

သည့် အထင်ကရတန်ဖိုးရှိအရာတစ်ခုလုံး လုံးလုံးဆုံးရှုံးသွားခြင်းအပေါ် ထိုဒေသရှိလူအများမည်မျှခံစားရမည်နည်း ။ ဇာတိ ၊ ပုည

ဂုဏ်မာန ကို မမေ့အပ်ပါပေ ။ ယ္ခုဆိုလျှင် ကမ္ဘာပေါ်ရှိနိုင်ငံအချို့မှာ စားနပ်ရိက္ခာရှားပါးမှုပြဿနာကြုံတွေ့နေရပါသည် ။ မိမိတို့

နိုင်ငံမှာက စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်၍ အစာရေစာမရှားပါးသည့်ပြင် ပြင်ပနိုင်ငံများကိုပါ တင်ပို့နိုင်သည့်နိုင်ငံဖြစ်ပါသည် ။

စီမံကိန်းတစ်ခုအတွက်ရေရှည်အမျိုးသားအကျိုးအမြတ်ရမည့်လယ်မြေဆုံးရှုံးရမည့် အချိန်နှင့်တန်ဖိုးကို အသေအချာ တွက်ဆရ

မည်ဟုလည်း ထင်မြင်မိပါသည် ။

                                                     တရားဥပဒေနဲ့အညီနေသားတကျနေထိုင်ရေး

       ဒီအရေးကတော့ နိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးအသက်သွေးကြောပါ ။ ခု 2008 အခြေခံဥပဒေကို ပြင်ဆင်ဖို့လုပ်နေ

တယ်ဆိုတာကြားရတော့ အတိုင်းအလွန်ဝမ်းသာပါတယ် ။ ဥပဒေနဲ့အညီနေထိုင်ဖို့ဆိုရာမှာ သင့်တင့်မျှတတဲ့ နိုင်ငံတော်အခြေခံ

ဥပဒေက အဓိကအကျဆုံးပါ ။ ဥပဒေကပြဋ္ဌာန်းထားတဲ့အချက်အလက်တွေကို ပြည်သူတွေနားလည်အောင် အချိန်ပေးပြီးမီဒီယာ

မျိုးစုံက ဖော်ပြပေးရမှာပါ ။ ဒါမှလည်းပြည်သူအများနားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွှက်နိုင် ဥပဒေလမ်းကြောင်းမှာ

စီးဝင်နိုင်မယ်လို့ထင်ပါတယ် ။ ဒီလိုဖော်ပြရာမှာလည်း အကြိမ်ကြိမ်အခါခါ ဖော်ပြပေးဖို့လိုမယ်လို့လည်း ထင်ပါတယ် ။

                                                    တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး

    တိုင်းပြည်တစ်ပြည် ခေတ်နဲ့အညီရွှေ့လျှားနိုင်ဖို့ဆိုရာမှာ ပြည်တွင်းငြိမ်းချမ်းရေးကလည်း အခရာကျပါတယ် ။ ပြည်တွင်းမှာ

တိုင်းရင်းသားအချင်းချင်းမစည်းလုံးရင် နိုင်ငံရဲ့တိုးတက်မှုရှိဖို့ဆိုတာ အလားအလာမကောင်းပါဘူး ။ နိုင်ငံခြားရင်းနှီဲးမြှုပ်နှံမှုလည်း

အားမကောင်းပါဘူး ။ ဒါတွေနဲ့ဆက်စပ်ပြီး လူတွေကျီးလန့်စာစားနေနေရမယ် ၊ အိုးပစ်အိမ်ကွာ အခြေအနေမဲ့ နေနေရမယ်ဆိုတာ

သိသာပါတယ် ။လူတစ်ယောက်အေးချမ်းစွာကိုယ့်ဝမ်းကိုယ်မကျောင်းနိုင်ရင် နိုင်ငံ့ဝမ်းလည်းအေးချမ်းစွာကျောင်းဖို့မဖြစ်နိုင်ပါဘူး

ဒါကြောင့်တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်တွေကိုလည်း စေတနာပါပါ ဖော်ဆောင်ပေးရမှာဖြစ်ပါတယ် ။ ဒါမှလည်း ကျွန်တော်တို့ဟာ

ခွင့်တူညီမျှပြီးဝါဒဖြူစင်တဲ့တိုင်းပြည်တစ်ပြည်အဖြစ် ကမ္ဘာ့နိုင်ငံတွေကြားမှာ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်မှာ ဖြစ်ပါတယ်လို့

ကျွန်တော်ယုံကြည်ပါတယ် ။

     ဒါဟာကျွန်တော်ခံစားမိရသလောက် ဦးနှောက်သေးသေးလေးနဲ့ရေးထားတာဖြစ်တဲ့အတွက် ဝေဖန်အကြံပြုပါပေးပါလို့လည်း
ဖိတ်ခေါ်ပါတယ် ။

                                                                                                                              နိုင်မင်းဦး
                                                                                                                          6 . may . 2013 .

Thursday, April 25, 2013

ပန်းပြားပင် နိုင်ငံရေး (ဘေးမှရပ်ကြည့်သူ၏ ထင်မြင်ချက်များ) ကျော်ဝင်း Apr 14, '12 9:50 AM for everyone


အဖွင့်

ယခုစာစာကို ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်)မှ သံဝဝေဂစကားတစ်ရပ်ဖြင့် ဖွင့်လိုသည်။ သံဝေဂစကား မြွတ်ကြွားခဲ့သူကား ပုဂံခေတ် ပညာရှိအမတ်ကြီး ရာဇသင်္ကြန်။ ဇတ်ရည်လည်စေရန် အဆိုပါ သံဝေဂစကားလေး ဗျူပ္ပတ်ကို ဆိုပါမည်။ တစ်ခါသော် အမတ်ကြီး မင်းမျက်သင့်၍ တလ(ဒလ)သို့ နယ်နှင်ခံရသည်။ လမ်းခရီးတွင် လေပြင်းလာသဖြင့် သစ်ပင်ကြီးများကျိုးပဲ့သည်ကိုမြင်သောအခါ အမတ်ကြီးက ယခုလိုသံဝေဂယူ၍ ဆိုသည်ဟူ၏။ “ငါသည် ရေပန်းပြားပင်ခန့်မျှမလိမ္မာချေ။ သစ်ပင်ကြီးကဲ့သို့ကျင့်၍ ဤသို့ပျက်စီးရချေသည်…”



ငါ့ဒိန်ခဲဘယ်သူရွှေ့

ယနေ့ မြန်မာ့ နိုင်ငံရေးအလှည့်အပြောင်းကို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတော်တော်များများ သိမှတ် လက်ခံလာကြပြီ ထင်ပါသည်။ သို့နှင့်တိုင် ‘ငါ့ဒိန်ခဲဘယ်သူရွှေ့’ ဆိုသောပုစ္ဆာနှင့် ပတ်သက်လျှင်မူ တစ်ကျောင်းတစ်ဂါထာ ရှိနေဆဲကိုသာ တွေ့ရသည်။ အချို့က “ငါရွှေ့တာ” ဟု ပြောသည်။ အချို့က “သူရွှေ့တာ” ဟုဆိုသည်။ ‘နိုင်ငံတကာ’ကို အမှတ်ပေးကြသည်များလည်း ရှိသည်။ နာမည်ကြီး နိုင်ငံရေးဂျာနယ်တစ်ခုမှ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးကမူ အဆိုပါ အရွှေ့သုံးခုစလုံးကို စာရင်းတင်သည့်တိုင် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တွန်းအားမပါဟု ခပ်တင်း တင်းရေးသည်။ ထားတော့……။

အမှန်စင်စစ် ၂၀၀၉ ခုနှစ်လောက်ကပင် ဒီမိုကရက်တိုက်ဇေးရှင်း တတိယလှိုင်းနှောင်းပိုင်းတွင် ပေါ်ထွက်လာတန်ရသည့် အပြောင်းအလဲ ပုံစံ တစ်ရပ်ကို ပညာအသိုင်းအဝိုင်းမှ ဖော်ထုတ်ညွှန်းဆိုပြီး ဖြစ်ပါသည်။ အီတလီ ဖလော့ရင့်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖိလစ်ပီရှမစ်တာက အဆိုပါ အပြောင်းအလဲ ပုံစံကို သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ (Imposed Transition)ဟု အမည်ပေးသည်။ ပြောင်းလဲလာသည့် ခေတ်ရေစီးကို သိမြင်နားလည်သော တည်ဆဲ အီလစ်များကိုယ်တိုင်က အခြေအနေတစ်ရပ်သတ်မှတ်ပြီး ဦးဆောင်ပုံဖော်သည်ဖြစ်၍ အပေါ်မှလာသောအပြောင်းအလဲ (Eliteled change)ဟု ဖွင့်ဆိုသည်။ ဤပုံစံမှာ ခက်ခဲသိမ်မွေ့သည်နှင့်အမျှ အချိန်မရွေး နောက်ကြောင်းပြန်နိုင်သည်ဖြစ်၍ တဖြည်းဖြည်း ပြောင်းဖို့လိုလိမ့်မည် (Gradual Change)ဟု မှတ်ချက် ပြုသည်။ ပဒေသာစုံအင်အားစုများ အတူလက်တွဲ ကြိုးပမ်းရသည်ဖြစ်၍ ဘုံတူညီချက် (Common Ground) ရှာဖွေသွားနိုင်ဖို့ အထူးအရေးကြီးလိမ့်မည်ဟု အကြံပြုသည်။ ကြုံတွေ့လာနိုင်ဖွယ်ရာရှိသော ရယ်ဒီကယ် အန္တရာယ်နှင့် ရှော့(ခ်)ရိုက်ကုထုံး ဘေးထွက်ဆိုးကျိုးများကိုလည်း သတိပေးသည်။

စာရေးသူက ပါမောက္ခရှမစ်တာ၏ ဆိုခဲ့ပါအနုမာနကို မြန်မာ့နိုင်ငံရေးအပေါ် တင်ကြည့်သည်။ ယနေ့ အပြောင်းအလဲမှာ ယခင် တပ်မတော်အစိုးရ ကြီးမှူးကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည်ဟု မြင်သည်။ တပ်မတော်က စဖွင့်လိုက်သော ဤအရွေ့တွင် ဒီမိုကရက်တစ်အင် အားစုများ ပူးပေါင်းပါဝင်လာရာမှ မြန်မာပြည်ဒိန်ခဲကြီး ရွေ့လာခြင်းဖြစ်သည်ဟု သဘောရသည်။

သို့နှင့်အမျှ ပါမောက္ခရှမစ်တာ၏ အကြံပြုချက်နှင့် သတိ ပေးစကားများကို နှလုံးသွင်းပြီး မြန်မာ့နိုင်ငံရေးအရွေ့ကိုစောင့်ကြည့်နေမိသည်။

စောင့်ရဲတဲ့သတ္တိ

ယခုတစ်လော စာရေးသူ အထူးဂရုဓမ္မထား၍ စောင့်ကြည့်နေရသော ဖြစ်ထွန်းမှုနှစ်ရပ် ရှိပါသည်။ ပို၍ပို၍ အသက်ဝင်လာသော ကြားဖြတ်ရွေးကောက်ပွဲ အကြို မဲဆွယ်လှုပ်ရှာမှုများ (Election Campaign) တို့ဖြစ်သည်။ အမှန်စင်စစ် အသက်ဝင်လာသော ဒီဘိတ်နှင့် ပြိုင်ဆိုင်သော မဲဆွယ်လှုပ်ရှားမှုများမှာ ဒီမိုကရက်တစ် နိုင်ငံရေးစနစ်၏ အခြေခံလက္ခဏာများပင် ဖြစ်လေရာ သဘာဝကျကျပေါ်ထွက်လာသော ဖြစ်ထွန်းမှုနှစ်ရပ်ဟု အသေအချာဆိုနိုင်ပါသည်။ ဤ ဖြစ်ထွန်းမှုနှစ်ရပ်မှ ပေါ်ထွက်လာသော ပဒေသာစုံအမြင်များမှာလည်း ဒီမိုကရေစီ၏အလှဟု ဆိုရမည်သာ ဖြစ်ပါသည်။ သို့တစေ ဘက်ပေါင်းစုံ နုနယ်သိမ်မွေ့ဆဲ ရှိသော လက်ရှိအခြေအနေတွင် ဘုံလမ်းကြောင်းတစ်ရပ် မျက်ခြေပြတ်မသွားစေရေးကိုလည်း မမေ့မလျော့ သတိပြုကြဖို့ လိုမည်ထင်သည်။ စာရေးသူအနေနှင့် ‘ဒိုင်ဗာစတီ’ ဘရိတ်ပေါက်ပြီး ‘ယူနတီ’ ပျောက်သွားမှာ စိုးရိမ်မိသည်။

အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများမှ ထွက်ပေါ်လာသောအသံတစ်သံနှင့် ပတ်သက်၍လည်း ဘေးမှရပ်ကြည့်သူတစ်ဦး၏ စိုးရိမ်မကင်း ဖြစ်ရသည်များကို ဖော်ပြခွင့်ပြုစေလိုသည်။ ‘အခြေခံဥပဒေပြင်ဆင်ရေး’ ဆိုသောအသံ ဖြစ်ပါသည်။

ဒီမိုကရက်တစ် နှုန်းစံများဘက်မှကြည့်လျှင် ဖြစ်သင့် ဖြစ်ထိုက်သည့်တိုင် ပကတိအရှိ၏ အသိမ်အမွေ့နှင့် ချိန်ထိုးစဉ်းစားဖို့ လိုလိမ့်မည်ထင်သည်။ စာရေးသူ အမြင်အရ ၂၀၀၈ အခြေခံဥပဒေမှာ ‘စံကိုက်ဒီမိုက ရေစီ’ မဟုတ်သေးသည့်တိုင် အလုပ်ထောင့်မှကြည့်လျှင် လက်တွေ့ အလုပ်လုပ်၍ ရနိုင်သော ‘ကြားအဖြေတစ်ခု’ဟု ဆိုချင်သည်။ ဤသို့ဆိုသည်နှင့် ကြားအဖြေကို အသေဖက်တွယ်ထားရမည်ဟု မဆိုလိုပါ။ အလုပ်ဖြစ်ရေးရှုထောင့် (တနည်း- မဟာဗျူဟာသဘော)အရ အဆင့်နှစ်ဆင့်ခွဲသွားဖို့ လိုမည်လား စဉ်းစားမိသည်။ ပထမ အဆင့်- လက်ရှိ အခြေခံဥပဒေ ပုံမှန်လည်ပတ်စေရေး၊ ပြီးမှ ဒုတိယ လိုအပ်သလိုပြင်ဆင်ရေး။ နိုင်ငံရေးတွင် အချိန်စောင့်ဖို့ လိုလိမ့်မည်ဟု သဘောရသည်။ စိတ်လိုက်မာန်ပါ လုပ်ကြ သည်ထက် ‘စောင့်ရဲတဲ့သတ္တိ’ ရှိဖို့လိုမည်လားစဉ်းစားမိသည်။

‘လွှတ်တော်တွင်းနိုင်ငံရေး၊ လွှတ်တော်ပြင်ပနိုင်ငံရေး’ဆိုသော အပြောအဆိုများကိုလည်း ယခုတစ်လော ခပ်စိပ်စိပ်ကြားနေရသည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင် လွှတ်တော်တွင်း နိုင်ငံရေးသည်သာပင် မရေစီဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်အောင် အရပ်ဘက်အဖွဲ့အစည်းများ၏ ‘အား’လည်း လိုသည်ဖြစ်၍ လွှတ်တော်ပြင်ပနိုင်ငံရေးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးရသည်များလည်းရှိသည်။ လွှတ်တော်တွင်းဖြစ်စေ လွှတ်တော်ပြင်ပဖြစ်စေ အားလုံး၏ တူရူချက်မှာ ခေတ်မှီ ဒီမိုကရက်တစ်နိုင်ငံတော် ထူထောင်ရေးပင်ဖြစ်သည်။ ဖြစ်သင့်သည်။ ဤနေရာတွင် သတိပြုကြဖို့လိုသည်မှာ လွှတ်တော်ပြင်ပ နိုင်ငံရေးအနေနှင့် ဥပဒေ အပြင်ဘက် မြေအောက်နိုင်ငံရေးထဲ လိမ့်ကျမသွားဖို့ ဖြစ်မည်ထင်ပါသည်။ ‘အတွင်းအပြင် ညှပ်တိုက်ရေး’ ဆိုသော အလုပ်မဖြစ်ခဲ့သည့် တစ်ခါက လက်ဝဲ ဗျူဟာတွေထဲ ပိတ်မိသွားမှာစိုးရိမ်မိသည်။ စာရေးသူက သမိုင်းကို သူရဲကောင်းပုံပြင်အဖြစ်ထက် လမ်းပြမြေပုံအဖြစ် ကြည့်မြင်စေချင်သည်။ အမှားကျော့ သံသရာတွေ ထပ်မလည်စေချင်။

ဖတ်ညွှန်း

စကားအလျဉ်းသင့်လာ၍ ယခုရက်ပိုင်းဖတ်ဖြစ်လိုက်သော စာတစ်ပုဒ်ကိုညွှန်းလိုသည်။ ၂၀၁၂ ဖေဖော်ဝါရိ ၂၀-၂၆ နေ့ထုတ် The Voice ဂျာနယ်ပါ ဒေါက်တာမင်းဇော်ဦး၏ ဆောင်းပါးဖြစ်သည်။ ‘ကမ္ဘာ့ဒီမိုကရေစီရေစီးကြောင်းနှင့်ယှဉ်ပြီး မြန်မာ့ဒီမိုကရေစီအရေးကို ဘယ်လို လက်တွေ့ကျကျ သုံးသပ်မလဲ’ ဆိုသောဆောင်းပါး။ မြန်မာ့ဒီမိုကရေစီရေးအတွက် အလေးထား စဉ်းစားဖွယ်ရာများပါသည်ထင်၍ အကျဉ်းမျှ ညွန်းလိုက်ရပါသည်။ ဒေါက်တာမင်းဇော်ဦး၏ အလိုအရ ၁၉၅၅ နောက်ပိုင်း ဒီမိုကရေစီအပြောင်းအလဲများမှ ရလဒ်လေးမျိုးထွက်ပေါ်လာသည်ဟုဆိုသည်။

ဤသည်တို့မှာ-
(၁) ရင့်ကျက်ခိုင်မာသော ဒီမိုကရေစီတည်ဆောက်နိုင်သော နိုင်ငံများ (၈၆နိုင်ငံတွင် ၁၅နိုင်ငံသာရှိ-၁၇ရာခိုင်နှုန်း)
(၂) နောက်ကြောင်းပြန်သွားသော နိုင်ငံများ (နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ဖြစ်ခဲ့သောအပြောင်းအလဲ ၄၄ခု)
(၃) ဆူပူမငြိမ်သက်မှုများ၊ စစ်ပွဲများဆက်လက်ဖြစ်ပေါ်နေသည့်နိုင်ငံများ (နိုင်ငံပေါင်း ၄၀ရှိ၊ ၅၀ရာခိုင်နှုန်းနီးပါး)
(၄) ရှေ့မတိုးနောက်မဆုတ်သော ဖြစ်နေသော နိုင်ငံများ(နိုင်ငံပေါင်း ၂၄ နိုင်ငံရှိ)

ဤသို့ နိုင်ငံတကာနောက်ခံကားကိုခင်းပြပြီးမှ ဆောင်းပါးရှင်က မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သောသူ့အမြင်ကို ယခုလို ထိပြသည်။ ‘လက်ရှိအနေ အထားမှာ စစ်မှန်တဲ့ဒီမိုကရေစီကို ဘယ်လိုရမလဲဆိုတာထက် နောက်ပြန်လှိုင်းမထိဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာ အဓိကပါ။ မတည်ငြိမ်မှုတွေဖြစ်ပြီး ဒီမိုကရေစီကြိုးတမ်းပေါ်က ပြုတ်မကျဖို့လည်း လိုပါတယ်…..’စ သဖြင့်။
မြန်မာ့နိုင်ငံရေးပလေယာများ၊ အထူးသဖြင့် ပေါ်လစီမိတ်ကာများ၊ စိတ်ကိုဖွင့်၍ ဖတ်ကြည့်ကြစေချင်ပါသည်။ ယနေ့ ရောက်ရှိနေသောအဆင့်မှာ စိတ် လှုပ်ရှားမှုနှင့်ယှဉ်သည့် လှုံ့ဆော်နိုင်ငံရေး (Agitate Politcis)မျိုး မဟုတ်တော့။ ပညာနှင့်ယှဉ်သည့် ရည်မှန်းချက်ရှိရှိနိုင်ငံရေး (Deliberated Politics)မျိုး ဖြစ်ဖို့ လိုပါပြီ။ အများကြိုက် စကားတန်ဆာတွေကိုကျော်ပြီး မဟာဗျူဟာကျကျ စဉ်းစားကြဖို့လိုပြီထင်ပါသည်။

အပိတ်

ဆောင်းပါအစ အမတ်ကြီးရာဇသင်္ကြန်စကားကို ပြန်ပြောပါမည်။ ‘သစ်ပင်ကြီးလို မကျင့်ရာ၊ ရေပန်းပြားပင်လို ကျင့်ရာ၏။ ခေတ်အဆက်ဆက် မြန်မာ့ နိုင်ငံရေးသမား တော်တော်များများ (အထူးသဖြင့် လက်ဝဲဆရာများ)က အမတ်ကြီးစကားကို ခံတွင်းတွေ့ကြဟန်မတူပါ။ ယုံကြည်ချက်မခိုင်မာသည့် သဘော ဟိုပင် ဒီပင်ကူးလိုသည့် သဘောစသဖြင့် ဝေဖန်ကြသည်။ ဝန်ခံရလျှင် ဤသို့ စဉ်းစားထင်မြင်ခဲ့ကြသူများထဲတွင် စာရေးသူကိုယ်တိုင်လည်း ပါဝင်ခဲ့ပါသည်။

ယခုဤသို့မဟုတ်တော့ပါ။ ‘ပေါ်လစီပျော့ပျောင်းမှုသဘော’ဟု ဆင်ခြင်မိပါသည်။ လှိုင်းထန်လေထန်ခရီးတွင် ယုံကြည်မှု ခိုင်မာရုံနှင့်မပြီး။ ပေါ်လစီ ပျော့ပျောင်းပါမှ ထိခိုက်နာကျင်မှု အနည်းဆုံးဖြင့် လိုရာခရီးသို့ ရောက်နိုင်မည်ထင်သည်။ အထူးသဖြင့် အတိမ်းအစောင်းမခံသော လက်ရှိအလှည့်အပြောင်းတွင် အမတ်ကြီးရာဇသင်္ကြန်၏ သံဝေဂစကားကို အခြားတစ်ဖက်မှ ဆင်ခြင်ကြစေလိုသည်။ ကျွန်းပင်ကြီးတွေလို တောင့်တောင့်တင်းတင်းကြီး တွေမြင်ရတိုင်း စာရေးသူမှာ စိတ်မသက်မသာရင်မနေတော့သည်။

“ပန်းပြားပင်နိုင်ငံရေး”ကို နှလုံးသွင်းနိုင်ကြပါစေသတည်း။

Saturday, April 20, 2013

နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုဖြစ် တယ်

နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှုတွေမှာ ပါဝါကျင့်သုံးမှုအနေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ အကျယ်ပြန့်ဆုံး အဓိ ပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်။ ဒီအမြင်အရဆိုရင် နိုင်ငံရေးဆိုတာ လူမှုရေး လုပ်ငန်းဆောင်တာတွေအားလုံးနဲ့ ပတ်သက် တာကြောင့် လူသားတွေတည်ရှိမှုဖြစ်စဉ်ရဲ့ နေရာစုံ၊ ထောင့်ပေါင်းစုံမှာ နိုင်ငံရေးဆိုတာ တည်ရှိနေပါတယ်။ Adrian Leftwich ရေးသားတဲ့ ”နိုင်ငံရေးဆိုတာဘာလဲ” ဆိုတဲ့ စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ စုဝေးမှုအသွင်သဏ္ဌာန်ဆောင်တဲ့ လူမှုရေးရာ လှုပ်ရှားမှုအားလုံးရဲ့ အသည်းနှလုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရေး ဆိုတာ နိုင်ငံတကာအဆင့်၊ နိုင်ငံတော်အဆင့်တွေမှာတင်မကဘဲ လူမှုရေးဆက်စပ်မှုရှိတဲ့ မိသားစုတွင်းမှာ၊ မိတ်ဆွေသူ ငယ်ချင်းအုပ်စုတွေအတွင်းမှာပါ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးဆိုတာ လူမှုစနစ် ဖြစ်တည်မှုဖြစ်စဉ်ရဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ အရင်းအမြစ်အသုံးပြုမှုအားလုံးနဲ့ သက်ဆိုင်လာပါတယ်။ ဒါပေမယ့် အရင်းအမြစ်ဆိုတာက ရှား ပါးပြီး၊ လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကတော့ အဆုံးအစ မရှိပါဘူး။ ဒါကြောင့်လဲ ရှားပါးတဲ့အရင်းအမြစ်တွေ ကို ရယူပိုင်ဆိုင်မှုတွေအတွက် ရုန်းကန်လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ဒီလိုရုန်းကန်လှုပ်ရှားမှုတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေဟာ ပါဝါကျင့်သုံးမှုတွေ ပါဝင်လာပါတယ်။
ဒီနေရာမှာ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာသုံးခုကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်။ မောင်ခခွေး က သူ့ဘာသာသူ ပြု လုပ်မှာမဟုတ်တဲ့ အလုပ်တစုံတရာကို မောင်ကကြီးက လုပ်စေနိုင်တယ်ဆိုရင် မောင်ကကြီးက မောင်ခခွေးအပေါ် ပါဝါ ကျင့်သုံးမှု ရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒီတော့ မောင်ခခွေးအပေါ် မောင်ကကြီးက ဘယ်လိုသဏ္ဌာန်တွေနဲ့ လွှမ်းမိုးမှု လုပ် နိုင်မလဲ။ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာသုံးခုဖြစ်တဲ့ ပါဝင်ကျင့်သုံးသူ လိုလားတဲ့ ဆုံးဖြတ်ချက်ချမှတ်စေခြင်း၊ အတွေးအခေါ် အရ ထိန်းချုပ်ခြင်း၊ agenda ချပေးခြင်း စတာတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်စေခြင်းဆိုတာက သူတပါးရဲ့ ဆုံးဖြတ်ချက်ချမှတ် လုပ်ကိုင်ဆောင်ရွက်မှုတွေထဲမှာ ကိုယ်လိုချင်တဲ့အကြောင်းအရာတွေ ပါဝင်လာအောင် လွှမ်းမိုးချုပ် ကိုင်မှုဖြစ်ပါတယ်။ Three Faces of Power (1989) စာအုပ်ထဲမှာ စာရေးသူ Keith Boulding က နိုင်ငံတနိုင်ငံ (သို့) လူ တဦးရဲ့ ဆုံးဖြတ်ချက်တွေကို တခြားနိုင်ငံတနိုင်ငံ၊ လူတဦးက လွှမ်းမိုးတဲ့အခါမှာ အင်အားအသုံးပြုခြင်း၊ သစ္စာစောင့်သိ စေခြင်း၊ အပြန်အလှန်အကျိုးစီးပွား ဖန်တီးညှိနှိုင်းခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြကြောင်း ရေးသားတင်ပြ ခဲ့ပါတယ်။
ပါဝါကျင့်သုံးမှုရဲ့ နောက်ထပ်မျက်နှာစာတခုကတော့ အတွေးအခေါ်အရ ထိန်းချုပ်မှုဖြစ်ပါတယ်။ဒီမျက်နှာစာမှာ ပါဝါကျင့် သုံးသူဟာ အင်အားအသုံးပြုမှုတွေ၊ သစ္စာစောင့်သိစေရန် ကြိုးပမ်းမှုတွေ ပြုလုပ်တာမဟုတ်ဘဲ လူသားတွေရဲ့ တွေးခေါ် စဉ်းစားမှု၊ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေကို ပုံဖော်လွှမ်းမိုးတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ၊ နိုင်ငံရေးရာတွေမှာ ၀ါဒဖြန့်ချိရေး ပြုလုပ်တာဟာ ဒီမျက်နှာစာကို အသုံးပြုပြီး ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။
ဒီနေရာမှာ စာနယ်ဇင်းသမားကျင့်ဝတ်နဲ့ ၀ါဒဖြန့်ချိရေးသမားကျင့်ဝတ် မတူပါဘူး။ စာနယ်ဇင်းသမားက ဖြစ်စဉ်တရပ်ပေါ် မှာ ရှုထောင့်မျိုးစုံကနေ တင်ပြရပါတယ်။ ၀ါဒဖြန့်ချိရေးသမားက မိမိရဲ့ ရပ်တည်ချက် ရှုထောင့်ကနေ တင်ပြရပါတယ်။ ဖြစ်ရပ်တွေမှာ တခုထက်ပိုတဲ့ အမှန်တရားတွေ ရှိနေတတ်ပါတယ်။ ဘယ်အမှန်တရားကို ဘယ်သူတွေကို ကိုယ်စားပြုပြီး ဒီဖြစ်စဉ်ကို တင်ပြမှာလဲဆိုတာက ရပ်တည်ချက်နဲ့ ဆိုင်လာပါတယ်။ ဥပမာ-စစ်ခေါင်းဆောင်တွေက အမိန့်ပေးတဲ့အ တွက် ဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်သတ်မှုဖြစ်စဉ်တခု ဖြစ်ပွားပြီဆိုပါစို့။ စစ်သားတွေက စစ်မိန့်ကိုနာခံတာ၊ ပြည်သူတွေ က သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်တာ၊ ပြည်သူတွေ ဒီကို ဆန္ဒဖော်ထုတ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းစတဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်။ ဒါကို စစ်အာဏာရှင်ဘက်က ၀ါဒဖြန့်ချိတဲ့အခါ ဆန္ဒပြတဲ့ ပြည်သူတွေကို အဖျက်သမားတွေ အ နေနဲ့ ပြောမှာဖြစ်ပါတယ်။ စစ်မိန့်နာခံတဲ့ စစ်သားတွေကို သစ္စာစောင့်သိတဲ့ သူရဲကောင်းတွေအနေနဲ့ ပုံဖော်မှာ ဖြစ်ပါ တယ်။ တပြိုင်နက်တည်းမှာပဲ စစ်မိန့်မနာခံသူတွေ၊ လူထုနဲ့ ပူးပေါင်းသူတွေကို တပ်ပြေးတွေ၊ သစ္စာဖောက်တွေအနေနဲ့ ပုံဖော်မှာဖြစ်ပါတယ်။ ဒါက စစ်တပ်ဘက်က ၀ါဒဖြန့်ချိရေးသဏ္ဌာန်ပါ။
ဒါကို တော်လှန်ရေးသမားတွေဘက်က ၀ါဒဖြန့်ချိရေးမှာကျတော့ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ပြမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို သစ္စာမခံပဲ လူထုကို ဖိနှိပ်တဲ့ အာဏာရှင်တွေအပေါ် သစ္စာစောင့်သိတာကို ရှုံ့ချပါတယ်။ ဝေဖန်ပြောဆို ပါတယ်။ ပြည်သူလူထုနဲ့ တသားတည်းဖြစ်လာတဲ့ ဘက်ပြောင်း တပ်မတော်သားတွေကို သူရဲကောင်းတွေအဖြစ် ပုံဖော် မှာ ဖြစ်ပါတယ်။ ဒါက တော်လှန်ရေးသမားတွေဘက်က ၀ါဒဖြန့်ချိရေးသဏ္ဌာန်ပါ။
ဒါကို စာနယ်ဇင်းသမားတွေကကျတော့ ကိုယ်လုပ်နေတဲ့ စာနယ်ဇင်း၊ သတင်းဌာနရဲ့ ရပ်တည်ချက်အပေါ် အခြေခံပြီး တင်ပြပုံ၊ တင်ပြနည်းကွာပြန်ပါတယ်။ ဘယ်စာနယ်ဇင်း၊ သတင်းမီဒီယာမှာမဆို ရပ်တည်ချက်၊ ကျင့်ဝတ်၊ စည်းကမ်းတွေ ရှိပါတယ်။ ဒီနေရာမှာလဲ ကျင့်ဝတ်၊ စည်းကမ်းတွေက အခြေခံထားတဲ့ စည်းမျဉ်းတွေ၊ အိုင်ဒီရော်လော်ဂျီတွေအားလုံး တပုံစံတည်း မဟုတ်ပါဘူုး။ လုံးဝ ဘက်လိုက်မှုကင်းချင်မှ ကင်းပါလိမ့်မယ်။ အချက်အလက်ကို ရာနှုန်းပြည့်နီးပါး ဦးစား ပေးရတဲ့ သတင်းတွေမှာတောင် သတင်းဌာနတခုနဲ့ တခု တင်ပြပုံ မတူပါဘူး။ တင်ပြပုံဆိုတာမှာလဲ သမိုင်းဆရာအနေနဲ့ တင်ပြမှု၊ သုံးသပ်လေ့လာသူအနေနဲ့ တင်ပြမှု၊ တော်လှန်ရေး ဘက်တော်သား စာနယ်ဇင်းသမားတယောက်အနေနဲ့ တင် ပြမှု၊ အာဏာရှင်ဘက်တော်သား စာနယ်ဇင်းသမား တယောက်အနေနဲ့ တင်ပြမှု၊ ပညာရှင်တယောက်အနေနဲ့ အကြောင်း နဲ့ အကျိုးသုံးသပ်တင်ပြမှု စတာတွေအားလုံးမှာ ကွဲပြမှုတွေ ရှိနိုင်ပါသေးတယ်။
ပါဝါနဲ့ ပတ်သက်တဲ့ နောက်ထပ်မျက်နှာစာ တခုကတော့ agendaချမှတ်ပေးမှုပါ။ နိုင်ငံရေး အဖွဲ့အစည်းတခုကိုပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံကိုပဲဖြစ်ဖြစ်၊ လူတယောက်ကိုပဲဖြစ်ဖြစ် ချမှတ်သင့်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့မရအောင် ပါဝါကျင့်သုံးပြီး လွှမ်းမိုးမှုဖြစ်ပါတယ်။ ဒီနည်းလမ်းကို နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးကဏ္ဍစုံမှာ အသုံးပြုကြပါတယ်။political agenda တွေ မှာ ကိုယ့်အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့မရအောင် ထိန်းချုပ်လို့ရတဲ့ ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။ အချိန်မီဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေကို အချိန်မမီအောင် ပြုလုပ်တာ၊ အရေးကြီးကိစ္စတခုဖြစ်ပွားနေချိန်မှာ တခြားအများ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေနဲ့ လမ်းလွှဲတာ၊ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းတွေရဲ့ ဦးတည်ချက်လမ်းကြောင်း တွေကို လွှဲပေးတာတွေဟာ ဒီပါဝါကျင့်သုံးမှု မျက်နှာစာမှာ အကျုံးဝင်ပါတယ်။
နိုင်ငံရေးဆိုတာ ပါဝါနဲ့ ပတ်သက်တယ်ဆိုတဲ့ ရှုထောင့်ကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူအများအပြားက ထောက် ခံကြပါတယ်။ အစဉ်အလာဓလေ့ထုံးစံတွေက အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန်ဆိုတာ အိမ်မှုကိစ္စတွေအနေနဲ့ သတ် မှတ်ပြီး အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားတတ်ကြပါတယ်။ အမျိုးသားတွေကသာ ပြင်ပ ကမ္ဘာမှာ လှုပ်ရှားနေရသူများဖြစ်တဲ့အတွက် နိုင်ငံရေး ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ ဒီထုံးတမ်းစဉ်လာတွေကို အမျိုးသ မီးအခွင့်အရေးလှုပ်ရှားသူတွေက ဆန့်ကျင်ပြီး “ကိုယ်ရေးကိုယ်တာဟာလဲ နိုင်ငံရေးဖြစ်တယ်” လို့ ကြွေးကြော်ခဲ့ကြပါ တယ်။ မိသားစုဘ၀၊ တဦးချင်းဘ၀ရဲ့ အခြေအနေဆိုတာတွေဟာ နိုင်ငံရေးစနစ်တွေ၊ လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှုကို ခံစားကြရစမြဲဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ မိသားစုဘ၀နဲ့ ဆက်စပ်နေတယ်လို့ သူတို့က ဆိုကြပါတယ်။
Sexual Politics (1969) စာအုပ်ထဲမှာ စာရေးသူ Kate Millet က နိုင်ငံရေးဆိုတာ လူအုပ်စုတခုကနေ တခုကို ချုပ်ကိုင် ထားတဲ့ အစီအမံတွေဖြစ်တာကြောင့် မိသားစုဘ၀တွေမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ၀င်ငွေအရ၊ ထုံးတမ်းစဉ် လာအရ၊ စာပေအကိုးအကားတွေအရ နိမ့်ကျသူတွေအဖြစ် မိမိကိုယ်မိမိ လက်ခံလာအောင် ပြုလုပ်ထိန်းချုပ်ထားတာ တွေ ကို နိုင်ငံရေးအနေနဲ့ သတ်မှတ်နိုင်ကြောင်း ရေးသားထားခဲ့ပါတယ်။ မ၀ါဒီတွေက နိုင်ငံရေးဆိုတာ နေ့စဉ်လူမှုဘ၀နဲ့ ဆက်စပ်တယ်လို့ အခိုင်အမာ ယုံကြည်ထားကြပါတယ်။ သူတို့အမြင်အရ အိမ်ထောင်ဘက်နှစ်ဦးအကြားက ဆက်ဆံရေး၊ မိဘနဲ့ သားသမီးဆက်ဆံရေး၊ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေး၊ အစိုးရနဲ့ နိုင်ငံသူနိုင်ငံသားအကြားက ဆက်ဆံရေး စတာတွေမှာ ပါဝါကျင့်သုံးမှုတွေ အပြန်အလှန်ရှိနေတာကြောင့် ဒါတွေကို နိုင်ငံရေးအဖြစ် ယူဆနိုင်ပါတယ်။
ဒါကြောင့်နိုင်ငံရေးဆိုတာ စကားလုံးရဲ့ အနက်အဓိပ္ပာယ်မှာတင် အလွန်ကို ကျယ်ဝန်းနက်နဲတဲ့ စကားလုံးတခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုနက်နဲလှတဲ့ နိုင်ငံရေးပညာကို လေ့လာတဲ့အခါမှာကျတော့ သဘောတရားတွေ၊ သီအိုရီတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ဘက်ပေါင်းစုံကနေ ပေါင်းစပ်ပါဝင်လာတာကြောင့် ပိုမိုကျယ်ပြန့်သွားပါတယ်။ ရှေးခေတ် တွေမှာတုန်းကတော့ နိုင်ငံရေးကို ပညာရပ်တခုအဖြစ် လေ့လာတဲ့အခါမှာ ဒဿနိကဗေဒ၊ ဥပဒေ၊ သမိုင်းပညာရပ်တွေရဲ့ ဘာသာရပ်ခွဲတခုအနေနဲ့ပဲ သတ်မှတ်လေ့လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်း ဖြစ်တည်မှုရဲ့ အခြေ ခံစည်းမျဉ်းတွေကို ဖော်ထုတ်လေ့လာဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာဆန်းစစ်မှုရဲ့ မူရင်းအစဟာ ရှေးခေတ်ဂရိပြည်လို့ ဆိုနိုင်ပါတယ်။ ပလေတိုနဲ့ အရစ်တိုတယ်တို့ဟာ နိုင် ငံရေးကို ဒဿနိကဗေဒရှူထောင့်ကနေ လေ့လာသုံးသပ်တဲ့ ဒဿနိကဗေဒဆိုင်ရာ အစဉ်အလာ ( Philosophical tradition) ရဲ့ ဖခင်များပဲ ဖြစ်ပါတယ်။ medieval theorists တွေဖြစ်တဲ့ Augustine နဲ့ Aquinas တို့ရဲ့ ရေးသားချက်တွေ မှာလဲ သူတို့ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမှုရှိပါတယ်။ ဒီလို ဒဿနိကဗေဒအစဉ်အလာအရ လေ့လာမှုတွေမှာ တန်ဖိုး၊ စံနှုန်းစံထား၊ ကိုယ်ကျင့်တရား စတာတွေနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ မေးခွန်းတွေ(normative questions) အ များအပြား ပါဝင်ပါတယ်။ ဘာဆိုတာထက် ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ဦးစားပေးဖော်ပြချက် များပါတယ်။ ဥပမာ-ဘာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ဥပဒေကို လိုက်နာသင့်သလဲ၊ ပုဂ္ဂလိက လွတ်လပ်ခွင့်မှာ အများကို မထိခိုက်အောင် ဘယ်လိုကန့်သတ်ချက်တွေ ရှိသင့်သလဲ စတာမျိုးတွေပါ။
နိုင်ငံရေးလေ့လာမှုဆိုင်ရာ နောက်ထပ်အစဉ်အလာတခုကတော့ ကိန်းဂဏာန်း အခြေပြအစဉ်အလာ empirical tradition ဖြစ်ပါတယ်။ ဒီအစဉ်အလာကို ဖွဲ့စည်းပုံအခြေခံဥပဒေအမျိုးအစားတွေကို ခွဲခြားပြခဲ့တဲ့ အရစ္စတိုရဲ့စာ၊ Machiavelli ရေးသားခဲ့တဲ့ realistic account of statecraft နဲ့Montesquieu ရေးသားခဲ့တဲ့ အစိုးရနဲ့ ဥပဒေဆိုင်ရာ လူမှု ဗေဒသီအိုရီ တွေထဲမှာ တွေ့မြင်နိုင်ပါတယ်။ ၁၇ ရာစုနှောင်းပိုင်းကာလတွေမှာ John Locke နဲ့ David Hume တို့ရဲ့ doctrine of empiricism ပျံ့နှံ့လာပါတယ်။ Doctrine of empiricism က အတွေ့အကြုံဆိုတာ အသိပညာရဲ့ အခြေခံ ဖြစ်တာကြောင့် သီအိုရီတွေ၊ အဆိုအမိန့်တွေအားလုံးကို လေ့လာစောင့်ကြည်မှုတွေနဲ့ စမ်းသပ်ရမယ်လို့ ဆိုထားပါတယ်။ ၁၉ ရာစုရောက်တော့ ဒီအတွေးအခေါ်တွေဟာ positivism၀ါဒထွန်းကားလာရေးဆီကို ဦးတည်သွားပါတော့တယ်။
နိုင်ငံရေးကို သိပ္ပံပညာဝေါဟာရတွေနဲ့ ဖော်ပြဖို့ ပထမဆုံးကြိုးပမ်းခဲ့သူကတော့ materialist conception of history ကို အသုံးပြုပြီး သမိုင်းကြောင်းတိုးတက်မှုတွေရဲ့ တွန်းအားကို ဖော်ထုတ်နိုင်ခဲ့တဲ့Karl Marx ပဲဖြစ်ပါတယ်။ ၁၈၇၀ ကာလ တွေမှာ နိုင်ငံရေးကို သိပ္ပံပညာရပ်အနေနဲ့ သတ်မှတ်မှုတွေ ထွက်ပေါ်လာပါတယ်။ အောက်စဖိုဒ့်၊ ပဲရစ်နဲ့ ကိုလံဘီယာ တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလာကြပါတယ်။ (၁၉၀၆) ခုနှစ်မှာ အမေရိကန်နိုင်ငံရေးသိပ္ပံ လေ့လာရေးစာစောင် ထွက်ပေါ် လာပါတယ်။ (၁၉၅၀-၆၀)ကာလတွေကျတော့ သိပ္ပံနည်းကျနိုင်ငံရေး လေ့လာမှုတွေ အားကောင်းလာပါတယ်။ David Easton ရဲ့ နိုင်ငံရေးဆိုတာ သဘာဝသိပ္ပံနည်းလမ်းတွေကိုပါ သင့်လျော်သလို ဆွဲယူ အသုံးပြုနိုင်တဲ့ ပညာရပ်တခုဖြစ်တယ်ဆိုတဲ့ အဆိုထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အရေအတွက် အခြေပြုသုတေသန နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေးလေ့လာဆန်းစစ်ချက်တွေ ပိုပြီး များပြားလာပါတယ်။ ဥပမာ-မဲပေးမှုပြုမူဆောင် ရွက်ပုံတွေ၊ တရားရေးရာပြုမူဆောင်ရွက်ပုံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြုမူဆုံးဖြတ်ပုံ စတာတွေမှာ ဖြစ်ပါတယ်။လေ့လာ စောင့်ကြည့်ထားတဲ့ ပြုမူဆောင်ရွက်ပုံတွေပေါ်မှာ အခြေတည်ပြီး လူမှုသီအိုရီတွေ တည်ဆောက်ရမယ်ဆိုတဲ့ ယုံကြည် မှု (Behaviouralism) ဟာ(၁၉၅၀-၆၀) ကာလတွေရဲ့ နိုင်ငံရေးလေ့လာမှုတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
(၁၉၆၀) နောက်ပိုင်းကာလရောက်တော့ Behaviouralism ကို မကျေလည်မှုတွေ ထွက်ပေါ်လာပါတယ်။နိုင်ငံရေးဆိုတာ ကိန်းဂဏာန်းတွေနဲ့ပဲ တိုင်းတာလို့ မရဘူးဆိုတာကို ငြင်းဆိုမှုတွေရှိလာပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီညွတ်မှု၊ အခွင့်အရေးစတာတွေကို ကိန်းဂဏာန်းနဲ့ တိုင်းတာလို့ မရနိုင်ကြောင်း ပြောဆိုလာကြပါတယ်။ ဒီလိုနဲ့ (၁၉၇၀) ကာလ တွေမှာ ကိုယ်ကျင့်တရား၊ စံချိန်စံညွန်းစတာတွေနဲ့ဆိုင်တဲ့ normative questions တွေဆီ ပြန်လှည့်လာကြပါတယ်။ John Rawls နဲ့ Robert Nozick တို့ရဲ့စာတွေမှာ ဒီသဘောတရားတွေ အများအပြား ပါဝင်ပါတယ်။
နောက်ပိုင်းကျတော့ နိုင်ငံရေးလေ့လာမှုတွေမှာ နိုင်ငံရေးဘောဂဗေဒ၊ ပြည်သူ့ရွေးချယ်မှုသီအိုရီ (public-choice theory)၊ Rational Choice theory စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီသီအိုရီတွေက ဘောဂဗေဒ သီအိုရီတွေမှာ အ ခြေခံထားတာ ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုပြီး Antony Downs, Mancur Olson နဲ့ William Nikanen တို့က ပါတီ ယှဉ်ပြိုင်မှု၊ အကျိုးအမြတ်အုပ်စု ပြုမူဆောင်ရွက်ပုံတွေနဲ့ ဗျူရိုကရက်တွေရဲ့ မူဝါဒလွှမ်းမိုးမှုစတာတွေကို လေ့လာခဲ့ကြ ပါတယ်။ နိုင်ငံရေးလေ့လာမှုတွေမှာ အသုံးများတဲ့ နောက်ထပ်သီအိုရီတခုကတော့ သင်္ချာဘာသာရပ်ကနေ သက်ဆင်း လာတဲ့ ဂိမ်းသီအိုရီဖြစ်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အကျပ်အတည်းကာလတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချ မှတ်နိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ သီအိုရီတခုဖြစ်ပါတယ်။
သင်္ချာနဲ့ စီးပွားရေးသီအိုရီတွေကနေ သက်ဆင်းလာတဲ့ နိုင်ငံရေးသီအိုရီအသစ်တွေသာမက ၀ါဒသစ်၊ အတွေးအခေါ်သစ် တွေလဲ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီးဝါဒဟာ ကျားမကွဲပြားခြားနားမှုတွေကို ထုတ်ဖော်ရင်း နိုင်ငံရေး ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်နေပါတယ်။ Green Politics ဟာ လူသားတွေကို ဦးစားပေးစဉ်းစားမှု (anthropocentric emphasis) မှာ အခြေခံတဲ့ နိုင်ငံရေး၊ လူမှုရေးသီအိုရီတွေကို စိန်ခေါ်ပြီး၊ သဘာဝပတ်ဝန်းကျင် သ ဘောတရားတွေကို ဦးစားပေးစဉ်းစားမှု (holistic emphasis) ပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေး၊ လူမှုရေး နားလည်မှုတွေ ကို ဖြန့်ဖြူးနေပါတယ်။ ၁၉၂၃ မှာ ပေါ်ပေါက်လာတဲ့ ဖရန့်ဖတ်ကျောင်းတော်ရဲ့ မာ့စ့်လက်သစ်ဝါဒပေါ်မှာ အခြေခံထား တဲ့ critical theory ဟာ လက်ရှိကျင့်သုံးနေတဲ့ လူမှုထုံးတမ်းစဉ်လာတွေကို ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။
ဒီလိုဝါဒတွေ၊ သီအိုရီတွေ အများအပြားအကြားမှာ နိုင်ငံရေးလေ့လာသူတယောက်ဟာ နိုင်ငံရေးသဘောတရားတွေ (political concepts) နိုင်ငံရေးသီအိုရီတွေ (political theories) နိုင်ငံရေးမော်ဒယ်တွေ (political models) အတွေးအ ခေါ်အိုင်ဒီယော်လော်ဂျီတွေ (ideological traditions/ paradigms) တွေကို ကွဲကွဲပြားပြား သိနားလည်ဖို့ လိုအပ်လှပါ တယ်။


အိမ်ပြန်လမ်း



ဒီခေါင်းစဉ်လေးကိုပေးပြီး ရေးရတဲ့အကြောင်းအရင်းက အိမ်နဲ့ဝေးကွာနေတဲ့ သူငယ်ချင်း
တွေနဲ့ ပြန်ဆုံတွေ့လို့စကားစပ်မိရာက ပေါ်လာတဲ့အတွေးအကြောင်းကို မျှဝေခံစားစေလိုတဲ့
ခံစားချက်ကြောင့်ပါ ။ ကိုယ်ကိုတိုင်လည်း ကြုံခဲ့ဖူးတော့ ဒါလေးက အမှတ်မထင်ရင်ထဲက
ဖွင့်ဟချင်တဲ့ ဆန္ဒတစ်ခုဖြစ်လာရတယ် ။
ကျွန်တော် ဧရာဝတီမြစ်တစ်ကြောမှာ တော်တော်ကြာကျင်လည်ခဲ့ရပါတယ် ။ အဲဒီတုန်း
က ဘယ်ကြည့်လိုက်ကြည့်လိုက် ရေပြင်ကလွဲပြီး ဘာမှမတွေ့ရတဲ့ နေ့ရက်တွေကများပါတယ်
လုပ်တဲ့အလုပ်က ဒီဇယ်ဆီတင်တဲ့တွဲမှာ တာဝန်ခံလိုက်ရတာပေါ့ဗျာ ။ ဆီကိုတော့ အမှတ်
၁-သန်လျှင်ဆီတင်ဆိပ်ကမ်းကနေ သယ်ရတာပေါ့ ။ တစ်ခါသယ်ရင် အနည်းဆုံး ဂါလံ
၁၀၀၀၀၀ ပါ ။ သံလျှင်ကနေ စထွက်ရင် စစ်ကိုင်းအရောက် ကိုးညအိပ် ဆယ်ရက်ကြာပါ
တယ်..။ ဆီစောင့်ရတဲ့အခေါက်တွေဆိုရင် ရန်ကုန်မှာတင် (၃ ) ရက်လောက်ကြာသွား
ပါတယ် ။ သင်္ဘောစထွက်ပြီဆိုတာနဲ့ အခြားလှေတွေနဲ့တွေ့တဲ့အချိန်ရယ် ကမ်းကပ်တဲ့
အချိန်ရယ်ကလွဲပြီး ရေပြင်ကလွဲလို့ဘာမှမတွေ့ရပါဘူး ။ ပျင်းရီစရာလည်းကောင်းသလို
လွမ်းမောစရာလည်းကောင်းပါတယ် ။ လေနီကြမ်းတိုက်တဲ့အချိန်တွေမှာဆိုရင် ကြောက်စ
ရာကောင်းပါတယ် ။ ဒါက ဘာမှမဖြစ်လောက်တဲ့ မြစ်ကျဉ်းကျဉ်းပါပဲ ။ ကျွန်တော်က ပင်
လယ်ပြင်ထွက်ပြီး သွားနေရတဲ့သင်္ဘောသား ဘဝကို အဲဒီကတည်းက ကိုယ်ချင်းစာနာ
ခဲ့ရပါတယ် ။ သူတို့ပင်လယ်မှာ မုန်တိုင်းမိရင် ဘယ်လောက်များ ခြောက်ခြားနေမလဲပေါ့
လေ ။ အတွေ့အကြုံမများသေးခင်အထိပေါ့ ။ အဲဒီတော့ အခက်အခဲတွေ အသက်အန္တရယ်
တွေနဲ့တွေ့ကြုံလာတဲ့အခါ ပထမဆုံး သတိရမိတာက မိမိရဲ့ အိမ်လေးကိုပါ ။
မိဝေးဖဝေး တစ်နယ်တစ်ကျေးမှာ အိမ်ကိုသတိရဆုံးအချိန်က ဖျားနာပြီး အိပ်ရာထဲ
မှာ ခေါင်းမထောင်နိုင်တဲ့ အချိန်ပါ ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်ထဲမှာ ဂရုတစိုက် အားပေးပြု
စုတဲ့သူ ရှိတယ်ဆိုဦးတော့ ကိုယ့်ရင်ထဲမှာ အမှန်တကယ်တေင့်တတာက ကိုယ့်ရဲ့မိသားစု
နဲ့ အိမ်ကလေးကိုပါ ။ ဒီလိုအနေဝေးပြီး ဖျားနာနေတဲ့အချိန်မှာ တစ်ခါတစ်လေ အခုနေများ
ငါသေသွားလို့ရှိရင်ဆိုတဲ့ အတွေး ဝင်လာတတ်ပါတယ် ။ အဲဒီလိုအခါမျိုးမှာ လူဟာ စိုးရိမ်
စိတ်ဝင်လာတတ်ပါတယ် ။ ဘာကိုစိုးရိမ်တာလဲဆိုတော့ မိမိမိသားစုအသိုင်းအဝိုင်းအတွင်း
မှာ ၊ ကိုယ့်ဒေသမှာ ၊ မသေရမှာကို ကြောက်ရွိ့တဲ့စိုးရိမ်စိတ်ပါ ။ သေရမှာကိုကြောက်တဲ့
စိုးရိမ်စိတ်မဟုတ်ပါဘူး ။ ဒါနဲ့ပတ်သတ်ပြီးကျွန်တော်နားလည်တာ တစ်ခုက တစ်ချို့လူတွေ
ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဇာတိမြေမှာပဲ ခေါင်းချချင်တာ ၊ ကိုယ်သေခဲ့လို့ရှိရင် ကိုယ့်ရဲ့အရိုး
ကို ဇာတိမြေမှာပဲ မြှုပ်နှံစေချင်တယ်ဆိုတဲ့ ဆန္ဒကိုပါပဲ ။ ဒါဟာဘာကိုပြသလဲဆိုတော့
သမုဒယသံယောဇဉ်ဆိုတဲ့ မိမိနဲ့မိသားစု ၊ မိမိနဲ့မိမိရပ်ရွာပေါ် ထားရှိတဲ့ လူသားတစ်ဦးရဲ့
မွေးရာပါ ဗီဇစိတ်ရဲ့ဆန္ဒစွဲကိုပါပဲ ။ ကျွန်တော့အထင်ကတော့ ဒီဆန္ဒစွဲကြောင့်ပဲ ကိုယ့်အ
ရပ်က လူတစ်ယောက်နဲ့တစ်နယ်မှာတွေ့လိုက်ပြီဆိုရင် ပထမဆုံးမေမးမိတဲ့မေးခွန်းက
ငါတို့မြို့ရော အခြေအနေဘယ်လိုလဲ ၊ ဘာတွေပြောင်းလဲနေလဲဆိုတဲ့ မေးခွန်းပါပဲ ။ ပြီးမှ
သူ့မိသားစု ကျန်းမာရေး ၊ ကိုယ့်မိသားစု ကျန်းမာရေး နဲ့ သူငယ်ချင်းများအကြောင်း ၊ ထိုင်
နေကျ လ္ဘက်ရည်ဆိုင်အကြောင်းနဲ့ ထွေလီကာလီ ၊ စု့စီနဖာ ၊ ရောက်တတ်ရာရာ မေးမြန်း
စုံစမ်းရင်း အိမ်လွမ်းစိတ်ကို ဖြေသိမ့်ရပါတယ် ။ အဲဒီလို မေးမြန်းလိုက်ရလို့ ကျေနပ်ပီတိ
ဖြစ်တဲ့ စိတ်ခံစားမှုဟာ ကျွန်တော်တို့အတွက် ဘာနဲ့မှနှိုင်းပြလို့မတတ်အောင် ကြီးကျယ်
ခမ်းနားတဲ့ ပီတိစိတ်ပါပဲ ။ အဲဒီနေံတစ်နေ့ဟာ ကျွန်တော်တို့အတွက် ကမ္ဘာပေါ်မှာ အလှ
ဆုံးနေ့တစ်နေ့လည်းဖြစ်ပါတယ် ။ အဲ..ဒါပေမယ့် ကိုယ့်ချစ်သူပဲ ဖြစ်ဖြစ် ကိုယ်ချစ်နေတဲ့သူ
ပဲဖြစ်ဖြစ် အိမ်ထောင်ကျသွားတယ်ဆိုတဲ့အကြောင်းများပါခဲ့ရင် အဲဒီနေ့ဟာ အိပ်မက်
ကမ္ဘာထဲကအလွမ်းပြဇတ်မှာ ကျွဲကူးရေပါဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ် ။ ဘာပဲပြောပြော အဲဒီအချက်ဟာ နောင်တစ်ချိန်မှာ ကိုယ့်ရပ်ကိုယ့်ရွာကို ပိုချစ်လာအောင်
ပြုလုပ်ပေးတဲ့ အကြောင်းတစ်ခုလည်း ဖြစ်လာနိုင်မယ်လို့ယူဆမိပါတယ် ။
လူတိုင်းရဲ့ပင်ကိုစိတ်မှာ ဇာတိမြေကိုချစ်တဲ့စိတ်ရှိပါတယ် ။ လုပ်ဖော်ကိုင်ဖက်
ချင်း စုမိကြလို့ ကိုယ့်ရပ်ရွာအကြောင်းများ ပြောကြတဲ့အခါမှာ ကိုယ့်ဒေသရဲ့ပုံရိပ်ဟာ ကိုယ့်နှလုံးအိမ်မှာ ထင်ဟပ်လာပြီး အဲဒီပုံရိပ်တွေကို စကားပန်းချီအဖြစ် ပြန်လည်ပြောဆို
တတ်ကြပါတယ် ။ ကိုယ့်ဒေသရဲ့ ရာသီဥတုအခြေအနေ ၊ စီးပွားရေးအဆောက်အအုံ ၊ လူ
မှုရေး အဆောက်အအုံ ၊ ဘာသာရေးအခမ်းအနား ၊ ကျန်းမာရေး ၊ ပညာရေး ၊ တရားဥပေ
ဒ စိုးမိုးရေးနဲ့သူငယ်ချင်းများအကြောင်းကနေ မိမိအိမ်မွေးတိရိစ္ဆာန်အကြောင်းတွေအထိပါ
စကားစပ်ရာပြောဆိုကြပါတယ် ။ တစ်ချို့ပြောတတ်တဲ့လူတွေကတော့ အိမ်ကမထွက်ခွာမှီ
ကြုံတွေ့ရတဲ့ ကိုယ့်ဒေသရဲ့ ပြောင်းလဲပုံအဆင့်ဆင့်ကို တခမ်းတနား ပြောဆိုတတ်ကြ
တယ် ။ ဒီလိုပြောဆိုခြင်းအားဖြင့် လူတွေဟာ တစ်ဦးကိုတစ်ဦး ခင်မင်ရင်းနှီးစိတ်ကို စတင်
ခဲ့ကြတယ် ။ တစ်ချို့ဆို ညီရင်းအကိုသဘောကို ရောက်သွားတဲ့အထိ သေတပန်သက်တ
ဆုံး ဆက်ဆံပေါင်းသင်းနေထိုင်သွားကြတဲ့သူတွေ အများကြီးရှိခဲ့ပါတယ် ။ ကျွန်တော်ကိုယ်
တိုင်လည်း ဒီလိုအဖြစ်မျိုးကိုရရှိခဲ့ပါတယ် ။ မိတ်ဆွေစစ်ဆိုတာ တစ်ဦးအကြောင်းကိုတစ်ဦး
က နားလည်သဘောပေါက်လက်ခံနိုင်ရုံသာမက သူနဲ့ပတ်သတ်တဲ့ သူ့ရင်ကထွက်ကျလာ
တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်မှာပါ ခံစားနားလည်ပေးပြီး အလေးအမြတ်ထားနိုင်တဲ့
သူတွေသာ မိတ်ဆွေစစ်ဖြစ်ပါတယ် ။ အဲဒီအချက်တွေကြောင့်ပဲ လူ့ဘဝမှာ မိတ်ဆွေစစ်
ဆိုတာ တန်ဖိုးအနဂ္ဃထိုက်တန်တဲ့ ရတနာတစ်ခုလို သတ်မှတ်ခံထားရတယ်လို့ကျွန်တော်
ယူဆမိပါတယ် ။
ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့မြို့မှာ အလျား ( ၂ ) မိုင် အနံ ( ၄ ) ဖာလုံ
လောက်ကျယ်ဝန်းတဲ့ ဘေးမဲ့သစ်တောကြိုးဝိုင်းကြီး ရှိခဲ့ပါတယ် ။ ဒီဇင်ဘာလရောက်ပြီဆို
ရင် သူငယ်ချင်းတွေစုပြီး မနက်ခင်း ( ၄ )နာရီလောက်မှာ အဲဒီသစ်တောကြိုးဝိုင်းကြီးဆုံး
တဲ့အထိ နံနက်ခင်းတိုင်းလမ်းလျှောက်ထွက်ကြတယ် ။ လမ်းလျှောက်ထွက်တယ် ဆိုပေတဲ့
လျှောက်တစ်ခါ ပြေးတစ်လှည့်ပေါ့ ။ ပြေးလို့မောတဲ့အခါ ခပ်ဖြေးဖြေးလျှောက်ရင်း စကား
ပြောကြတယ် ။ သစ်ပင်တွေအုပ်ဆိုင်းဆိုင်းနဲ့ အိပ်မောကျနေတဲ့ ကြိုးဝိုင်းသစ်တောကြီးကြို
ကြည့်ရင်း ငါတို့မြို့မှာ ဒီလိုတောအုပ်ကြီး ရှိပါလားဆိုတဲ့အသိနဲ့ ကျေနပ်ပီတိဖြစ်ရတယ် ။
ဒါပေမဲ့အခုတော့ အဲဒီကြိုးဝိုင်းသစ်တောကြီးရဲ့နေရာမှာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့
လွင်တီးခေါင်ပြင်ကြီး ဖြစ်နေပြီ..။မမြဲတဲ့ သဘာဝအရ အချိန်တန်လို့ ပျက်စီးရတာကို လက်
သင့်ခံနိုင်ပေမယ့် လူတွေပယောဂကြောင့်ပျက်စီးရတဲ့ အခြေအနေမျိုးကိုတော့ ကျွန်တော်
သိပ်ဝမ်းနည်းပါတယ်...ပြောကြတာတော့ ၁၉၈၈ အလွန်လောက်မှာ ဒီလိုဖြစ်သွားတာပဲ
တဲ့..ကျွန်တော်တို့ ဘာနဲ့မှအစားပြန်မထိုးခဲ့ကြပါဘူး...သစ်တောတွေပြုန်းတီးရင် လူ့လော
ကကြီးလည်း ပျက်သုဉ်းလာလိမ့်မယ်လို့ ဘယ်သူမှမတွေးကြပါဘူး..မသိခဲ့တာလား သိသိ
နဲ့ ကျုးလွန်တာလားဆိုတာကို အခုထိတွေးမရသေးပါဘူး..။ စကားစပ်မိလို့ပြောကြတိုင်း
သစ်တောကြီးဟာ နောက်လူတွေအဖို့ ဒဏ္ဍာရီလိုဖြစ်နေတာပေါ့..။ ဒီလိုနဲ့ကျွန်တော်ဟာ
ကိုယ်နေတဲ့မြို့ကလေးကို အခြေအနေအကြောင်းကြောင်းကြောင့် ခွဲခွာခဲ့ရပါတယ်..။ မြို့
လေးရဲ့ လေကိုရှုရင်း ဆို့နင့်စွာနဲ့ပဲ အားလုံးကို ချန်ရစ်ခဲ့ရတယ် ။ မြင်းလှည်းစီးပြီး ဘူတာ
ရုံသွားတဲ့လမ်းတစ်လျှောက်လုံးက အိမ်တွေ ဆိုင်တွေ နေရာလွတ်တွေရဲ့ အနေအထား
တွေကို ရင်ထဲမှာမှတ်သားလို့ပေါ့.။ မြို့ကလေးက ခွဲခွာချိန်မှာ တိုက်ခတ်လာတဲ့လေရဲ့
ရနံ့ဟာ အလွမ်းရနံ့တွေပါပဲ....ဂလောင်းဂလောင်းမြည်နေတဲ့ ယက္ကန်းယက်သံတွေက
လည်း ကျွန်တော့ကိုငေးကြည့်ရင်း လက်ပြနုတ်ဆက်နေသယောင် အတွေးအာရုံအထဲမှာ
မြင်ယောင်နေမိပါတယ်..။ အော်..အဲဒီတုန်းက ခွဲခွာရခြင်းရဲ့ရသ ခုထိရင်ထဲကျန်ရှိနေတုန်း
ပါ ။ ကျွန်တော်အိမ်ကိုပြန်လာမယ့်ရက်က ကဆုန်လပြည့်နေ့ပါ ။ မနက်ပိုင်းမှာ ရွှေတိဂုံ
စေတီတော်မှာ ညောင်ရေသွန်းပြီး မေမေတို့တစ်တွေကျန်းမာချမ်းသာပါစေလို့ ဆုတောင်း
ခဲ့ပါတယ် ။ ည ( ရ ) နာရီမှာ စော်ဘွားကြီးကုန်းကနေပြီးကားစီးပါတယ် ။ အဲဒီအချိန်မှာ
လကလဲ သာဆဲပေါ့ ။ လမင်းကိုမော်ကြည့်ရင်း မနက်ဖြန်မနက်မှာ ငါအိမ်ကိုပြန်ရောက်
တော့မှာပါလားဆိုတဲ့အတွေးက ရင်ကိုတသိမ့်တုန်ပြီး လှိုက်ခုန်ကြည်နူးစေတဲ့ရသကို
ဖြေးဖြေးညင်သာ ခံစားနေရပါတယ် ။ ကားပြတင်းတံခါးကိုဖွင့်ပြီး လေညင်းအရသာကို
ခံစားရင်း အတွေးတွေက ကတ္တရာလမ်းတစ်လျှောက် ရောက်လေရာမျှောပါ တဖြည်းဖြည်း
နီးလာပြီဆိုတဲ့အသိ လမင်းရဲ့အေးမြတဲ့အထိအတွေ့မှာ လရိပ်နဲ့လှချင်တိုင်းလှနေတဲ့
သစ်ပင်တွေကိုကြည့်လို့ ရင်ထဲကနေ မေမေရေ သားပြန်လာပြီမေမေရေလို့ တမ်းတခေါ်
နေမိတယ် ။ ကျွန်တော်ရဲ့စိတ်အတွေးမျက်ဝန်းထဲမှာ အိပ်မောကျနေတဲ့အိမ်လေးရယ်
အိမ်ရှေ့ကတမာပင်နှစ်ပင်ရယ် မေမေနဲ့ညီမလေးတို့ရဲ့မျက်နှာရယ် လမ်းကြားမှာပြေးလွှား
ဆော့ကစားနေတဲ့ကလေးငယ်တစ်သိုက်ရယ် မီးပျက်နေတဲ့မြို့ကလေးရယ် အင်ဂျင်စက်သံ
တွေနဲ့ယက္ကန်းသံတဂျောင်းဂျောင်းရယ် ယက္ကန်းခတ်သွားကြတဲ့ အလုပ်သမားတွေရဲ့ခြေသံ
တွေရယ် အစိုးရချည်မျှင်စက်က ဥသြစွဲသံရယ် သိမ်တောင်တောင်ကုန်းပေါ်က ရွှေရောင်
တလက်လက်တောက်ပနေတဲ့ စေတီတော်မြတ်ကြီးရယ် မြို့သူမြို့သားတွေအားပြုနေရတဲ့
သိမ်တောင်ဘုရားကျောင်းအောက်က သိမ်တောင်မဟာကန်တော်ကြီးရယ် လ္ဘက်ရည်
ဆိုင်ထိုင်နေတဲ့ သူငယ်ချင်းတွေရဲ့မျက်နှာတွေနဲ့ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေဆိုတဲ့
သီချင်းတစ်ပုဒ်ရယ် အရာရာဟာ စာမျက်နှာတွေကို တစ်ရွက်ချင်းလှန်သလို ရှင်းလင်း
ပြတ်သားစွာ မြင်ယောင်မိနေတယ် ။ လက်နှစ်ဖက်နဲ့ခေါင်းကဆံပင်တွေဆုပ်ကိုင်ရင်း
ပါးနှစ်ဖက်ကိုလက်ဝါးနှစ်ဖက်နဲ့ဖိရင်း မျက်နှာကို လက်ဝါးနဲ့ပွတ်သပ်ရင်း အိမ်ပြန်လမ်းကို
သယ်ဆောင်လာတဲ့ကားကြီးပေါ်မှာ အိပ်စက်ဖို့ရာ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး ။ ဒီလိုနဲ့ ကား
နဲ့အပြိုင်ပြေးနေတဲ့ ကတ္တရာလမ်းမကြီးကိုကြည့်ရင်း ရောက်ခဲ့တဲ့မိုင်တိုင်တွေကိုတွက်ချက်
ရင်း မနက်အရုဏ်လာချိန်ကိုမျှော်ရင်းနဲ့ပဲ မှေးခနဲအိပ်ပျော်သွားတယ်...နောက်နေ့မနက်
( ၆ ) နာရီမှာ ကားကမိတ္ထီလာကိုရောက်တယ် မကြာခင်အိမ်ပြန်ရောက်တော့မယ်ဆိုတဲ့
အသိက ဘယ်ဘက်ရင်အုံကို လှိုက်ခနဲလှုပ်သွားတယ် ပါးပြင်နှစ်ဘက်လည်း တစက်စက်
လေးတုန်ခါလို့ မျက်ဝန်းတွေမှာ မိသားစုရဲ့မျက်နှာတွေ အသံတွေကို မြင်နေကြားနေရ
တယ် မေမေ့ရဲ့သားကြီးဆိုတဲ့အသံနဲ့အပြေးတစ်ပိုင်းကြိုဆိုတဲ့ပုံရိပ် ညီမလေးရဲ့အကိုပြန်
လာပြီဆိုတဲ့အသံနဲ့ ဝမ်းသာကြည်လင်မှုမျက်နှာ ကောက်ရလို့အမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ခွေးကြီးရဲ့ အမြီးနန့်ပတပ်ရပ်ပြီး ကျွန်တော့်ကိုသူ့နှာခေါင်းနဲ့
ပွတ်သပ်ရင်းတအူအူနဲ့ခွေးတို့ရဲ့ဘာသာစကားနဲ့ သိပ်အောက်မေ့သတိရကြောင်းကိုပြော
ပြနေတဲ့ပုံရိပ်တွေကို မြင်ယောင်နေမိတယ်..ဝမ်းတွင်းမြို့နယ်ထဲဝင်ပြီဆိုတာနဲ့ ကဆုန်နေရဲ့
အောက်မှာ ထနောင်းပင်ခြေက်တွေ အရွက်တွေပါးနေတဲ့မန်ကျည်းပင်တွေ ကန္တာရဆူးချုံ
တွေ သန်းပင်တွေ ဒဟတ်ပင်တွေက အပူပိုင်းရဲ့ရာသီဥတုကို ဆက်လက်ထိမ်းသိမ်းထား
ပြီးအညာသရုပ်ကိုပီပြင်နေစေပါတယ် ။ ဝမ်းတွင်းမြို့မှကြိုဆိုပါ၏ဆိုတဲ့ မြို့အဝင်ဆိုင်းဘုတ်
ကိုမြင်လိုက်တာနဲ့ ကျွန်တော့်ရဲ့ခြေထောက်နှစ်ဖက်ထဲ အားတွေအလိုလိုပြည့်လာပါတယ်
ဒါဟာငါ့မြို့ ၊ ငါ့နှလုံးသွေးတို့ရဲ့အိမ် ဆိုတဲ့ခံစားချက်က ရင်ကိုအရှိန်အဟုန်ပြင်းပြင်းရိုက်ခတ်
လို့ ကျွန်တော့်ရင်ခွင်တစ်ခုလုံးဟာ ကားပေါ်ကအဆင်း မြို့ရဲ့မြေသားနဲ့ထိမိပြီဆိုတာနဲ့ ပြိုးပြိုးပျက်ပျက်လင်းလက်ပြီး အခုမှအသက်ရှုဝသလိုခံစားရပြီး ကျွန်တော်ဟာအလုံခြုံဆုံး
နေရာကိုရောက်ရှိလာပြီဟေ့လို့ကြွေးကြော်ရင်း အိမ်အပြန်မြေနီလမ်းသို့ ခြေလှမ်းများ
တရွေ့ရွေ့နှင်ရင်း တလှမ်းချင်းလှမ်းရင်း ခွဲခွာခဲ့ရတဲ့ နေအိမ်ကို ကျောပိုးအိတ်တလုံးနဲ့
ရင်ထဲကအလွမ်းများတမ်းပိုးရင်း အိမ်ပြန်လမ်းတစ်လျှောက်လျှောက်ပြန်လာခဲ့တယ်....

နိုင်ရဲသွေး
may . 2 . 2010 .

ဗိုလ်ချုပ်အောင်ဆန်း၏ဇာတာနှင့်ငယ်ဘဝ


၁၉၁၅-ခုနှစ် rgb(255, 0, 0); font-weight: bold;"">ဖေဖော်ဝါရီ ၁၃ ရက် -
၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊
တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့်
နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု
ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော
မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင်
မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင်
ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး
လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ဇာတာ

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု
အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့်
နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။
ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း
ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ 0, 0);"">အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်
ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် 0);"">ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက်
နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည်
ဖြင့်ထင်ရှားသည်။
ဗိုလ်ချုပ်၏ မွေးချင်းများမှာ-
  1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
  2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
  3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
  4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
  5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
  6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
  7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
  8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။
ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန်
အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊
ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင်
ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် က္ကုနြေ္ဒကြီးသည်။
ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။
ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့်
အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။
လူငယ်‌ဘဝ

သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊
ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည်
ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ်
ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင်
အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး
လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို
ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင်
သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။
ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။
နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈
ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့်
ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ်
ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ်
အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ်
ရွေးချယ်ခဲ့သည်။

၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့
ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့်
ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည်
ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင်
(အရှင်သခင်/ဆရာ-မြန်မာလူမျိုးမျ
ားသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား
သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ်
မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏
အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။
ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့်
နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင်
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ
ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော
ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း
ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏
သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ်
ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့်
ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင်
သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။
ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု
ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင်
အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော်
စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို
သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား
ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း
လှည့်လည်ပုန်းရှောင်နေခဲ့ပြီးေ
နာက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ
အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား
အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန်
တိုက်တွန်းခဲ့လေသည်။
ဒုတိယကမ္ဘာစစ်‌ကာလ

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး
အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက်
ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှ
င့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင်
လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့်
မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ
စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို
ဖြတ်သန်း၍ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့်
တရုတ်နိုင်ငံအားဆက်သွယ်ထားသည့်
လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက်
ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့်
ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင်
ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင်
ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး
ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည်
ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ
ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက်
အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင်
ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော်
(ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ်
ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း
ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင်
သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင်
ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ
တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁
ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး
ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး
၎င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု
ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။
ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို
သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း
မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို
ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်ေ
သာ သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား
တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ်
ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ
၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား
မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇
ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ
တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်

‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက်
ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ်
အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ
ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက်
တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင်
ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ
မျိုးချစ်ဗမာ့တပ်မတော်သားများအာ
း ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို
ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်
မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ
စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက
မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား
ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း
အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ်
ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော
အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက်
ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ
ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက်
ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့်
မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့်
ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’
ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့်
အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့
အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို
အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ
တို့ကို ထုတ်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ်
လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ
ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည်
လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း
သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ
ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ်
သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို
လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန်
အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို
အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည်
အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း
ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား
ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့်
ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု
နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည်
ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး
ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့်
အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်
ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ
ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်
သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု
လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ
အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ
ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင်
ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း
အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ
လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော
၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ
ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း
ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက
တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။
မိသားစု

၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့်
ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ
သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။
အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊အောင်ဆန်းစုကြည်
စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ
၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။
သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင်
အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်
ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး
၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော
ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က
အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က
‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။
ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏
ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို
ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊
မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော
ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့်
ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏
စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော
ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ
လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည်
ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ
ဝိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက်
လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍
ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့်
တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို
လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို
တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’
ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏
ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ
အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊
လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊
သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော်
သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ
ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး
ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’
ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း
ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏
‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊
ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ်
‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော်
ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ
ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင်
အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း
အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။
ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု
ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း
ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏
အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ်
ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏
ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ
အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည်
စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍
မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ
ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း
တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။
လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။
လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်
စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ်
ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်
တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊
စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ
စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင်
ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ
အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ်
နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ
ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ
ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။
ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း
ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍
မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး
ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို
အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ
ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ
အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊
တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး
ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို
ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည်
မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့်
ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့်
စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့်
ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို
အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉
ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’
ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို
အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့
အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ
ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍
ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို
လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်
ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊
စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း
ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု
ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့
အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။
ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင်
ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင်
စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က
နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊
နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင်
ဝါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည်
တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့
လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ်
ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’
ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။
ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ
တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ
ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား
မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား
ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ
စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော
ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ
မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။
ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။
ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည်
လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။
သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ
တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင်
တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို
နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု
ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင်
လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ
နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ
ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့်
ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။
ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ
တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊
ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊
ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး
ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ
ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး
ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌
မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။
ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း
ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊
ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊
ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ်
လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊
ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို
နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို
ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့်
အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ။
ဘ၀နိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော
ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ
လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်၏ စကားများ
  • ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား
    အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ
    အကျိုး ရှိနိုင်မယ်။
(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)