ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 13, 2013

ဘန်းစကား ( ၄ )


လေဒူးလွှတ်သည်အသံမြည်ရုံမျှ ကြိမ်းဝါးသည် ၊ ကြွားဝင့်၍ ပြောသည်

မြန်မာလက်ဝှေ့ပွဲများတွင် လက်ဝှေ့ထိုးမည့်သူများသည် ထ၍ လက်ပန်းပေါက်ခြင်း ၊
လက်ရုံးဆန့်တန်းကာ အားဟန်ပြခြင်း ၊ လေပြင်ကို ဒူးတိုက်ဟန်ပြုခြင်း စသည်ဖြင့် " ဗိုလ်ရှိ
လျှင် ယှဉ်ပြိုင်ထိုးသတ်မည် ၊ ထွက်ခဲ့လော့ " စသည် ကြုံးဝါးအရေးဆိုဘိသကဲ့သို့
လက်ဝှေ့ရေး ထွက်ပြကြလေသည် ။ ထိုသို့ပြုလုပ် ကြုံးဝါးကြသော်လည်း တကယ်ပွဲဆိုင်မှ
ဆိုင်ကြပေသည် ။ ထို့ကြောင့် လေပြင်ကို ဒူးတိုက်ပြသည့် လေဒူးလွှတ်ခြင်းမျိုးကို
တင်စား၍ ဟန်ပြမျှသာ ကြုံးဝါးခြိမ်းခြောက်ခြင်းမျိုးကို လေဒူးလွှတ်သည်ဟု
သုံနှုန်းကြသည် ။
လေးခင်းပြသည်က္ကုနြေ္ဒမဲ့လှုပ်ရှားသည် ၊ ဟန်ရေးပြသည်
မြန်မာဇတ်သဘင်တို့တွင် စိတ်ကြွဖွယ် လက်ဝှေ့ရေး ၊ မြှားရေး ၊ ဓားရေးပြသော အခန်းများတွင် တီးသည့် ဆိုင်းတီးလုံးကို လေးခင်းဆိုင်းဟု ခေါ်သည် ။ ( လေးတင်ခန်း
များနှိုက်  လေးကိုခင်းရာတွင် တီးမြဲဖြစ်၍ လေးခင်းဆိုင်းခေါ်သည် ။ ) ထိုသို့ ဆိုင်းတီးရာ
တွင် ဟန်ရေးပြပုံကို လေးခင်းပြသည်ဟု ခေါ်သည် ။ လေးနှင့်မစပ်ဆိုင်ဘဲ ဓားရေး ၊ လှံရေးအားဖြင့် ပေါင်မြှောက်ကာ လက်မြှောက်ကာ ခုန်ပေါက်၍ ဟန်ရေးပြသည်ကို
လေးခင်းပြသည်ဟုပင်ဆိုကြရာ အမြင်မတော်အောင် က္ကုနြေ္ဒမဲ့အမူအရာ လှုပ်ရှားခြင်းများကို ရှုတ်ချသောအားဖြင့် လေးခင်းပြသည်ဟုပင် ဆိုကြသည် ။
လက်ဖက်ထုတ်တတ်သည်သူ့အထိုက်အလျောက် နည်းလမ်းရှိသမျှ ဖြစ်လာသည်
လူမတတ်သော်လည်း လက်ဖက်ထုပ်တတ်သည်ဟု ဆိုကြသည် ။ အလှုမင်္ဂလာ ၊ မင်္ဂလာဆောင် စသည်တို့ကို ပြုလုပ်မည်ရှိသောအခါ တောရွာများတွင် ဖိတ်စာအစား
လက်ဖက်ထုပ်များထုပ်၍ တစ်အိမ်တစ်ထုပ်ကျ ကမ်းလှမ်းကာ အလှု မင်္ဂလာဆောင်
အတွက် ဖိတ်ကြားလေ့ရှိသည် ။ လက်ဖက်ထုပ်ရသူတို့သည် တတ်နိုင်သော လူရွယ်ပိုင်းက အလှုရက်မတိုင်မီကပင် လုပ်ဆောင်ဖွယ်ကိစ္စများကို ကြိုတင်လုပ်ကိုင်
ကူညီပေးလေ့ရှိသည် ။ လက်ဖက်ထုပ်ကမ်းခြင်းသည် အကူအညီတောင်းဆို ဖိတ်ခေါ်သည့်သဘောလည်းဖြစ်သည် ။ ( အချို့မင်္ဂလာဆောင်များတွင် လက်ဖက်ထုပ်
အစား စက္ကူပန်းကမ်း၍ ဖိတ်လာလေ့ရှိကြသည် ။ ) ဤသို့ရည်ပြီး လူကိုယ်တိုင်က နှုတ်ခွန်း
ချေငံစွာ အပြောအဆိုမတတ်၍ အကူအညီမတောင်းတတ်သော်လည်း လက်ဖက်ထုပ်
ကမ်းတတ်လိုက်ပါမူ မိမိလိုရာကို ပေါက်ရောက်ကြားသိစေပြီးဖြစ်သဖြင့် လက်ဖက်ထုပ်က
ပင် ပြောတတ်ဆိုတတ် စီမံနှိုးဆော်တတ်ဘိသကဲ့သို့ တင်စားကာ ပြောဆိုခြင်းဖြစ်သည် ။
ထိုစကားကို တစ်ဆင့်အားဖြင့် ကာယကံရှင်ကိုယ်တိုင်က မစွမ်းစေကာမူ ထိုသူ၏
အရှိန်အဝါ ၊ တပည့်တပန်း ၊ အပေါင်းအသင်းဂုဏ်မျက်နှာ ၊ ဆွေမျိုးမိဘ စသော ပတ်ဝန်း
ကျင်၏ အစွမ်းဖြင့် ပြီးစီး အောင်မြင်စေနိုင်သည်ကိုလည်းကောင်း ၊ ကိုယ်တိုင်မဆောင်
ရွက်တတ်သော်လည်း တစ်နည်းနည်းအားဖြင့်  ဆောင်ရွက်ပြီးစီးစေနိုင်ခြင်းကို၎င်း ၊
တင်စား၍ ဆိုကြ၏ ။

လက်ဖျားဆွဲသည်အလောင်းအစားပြုသည်
လှေပွဲ ၊ နွားပဲ ၊ ကြက်ဝိုင်း ၊ ဖဲဝိုင်း  စသည်တို့တွင် လောင်းကစားမှုပြုရာနှိုက် လျှို့ဝှက်သော လောင်းကြေးကို လက်ချောင်းဖြင့် အမှတ်အသားပြုလျှက် နှစ်ဦးနှစ်ဖက်
ချင်းသာ သိစေရန် လက်ကိုဖုံးကွယ်၍ တစ်ဖက်လောင်းမည့်သူကို လက်ချောင်းစမ်းဆွဲ
ပြစေခြင်းဖြင့် လောင်းကြေးကို သတ်မှတ်ကြလေသည် ။ ထိုသို့ မပြုလုပ်သော်လည်း
တစ်ဦးနှင့်တစ်ဦး ကြေးထား၍  အလောင်းအစား ၊ အသိမ်းအလျှော် ကတိထားကြ
ခြင်းကို လက်ဖျားဆွဲသည်ဟု ဆိုကြသည် ။
လက်သုတ်ဖက်လိုက်သည်သိမ်ဖျင်းဟောင်းနွမ်းသည်
လက်သုတ်သော အဝတ်ဖတ်တို့သည် လူတကာအသုံးပြု၍ ဟောင်းနွမ်းညစ်ပေလျက်
အသုံးမဝင်သောအဖြစ်သို့ ရောက်ရသည်ကို တင်စား၍ အဝတ်အစား ဟောင်းနွမ်းခြင်း
နှိုက်လည်းကောင်း ၊ ဟောပြောရွှတ်ဖတ်သော ကဗျာလင်္ကာစာပိုဒ် စသည်တို့မှာ
လူတကာသုံးလွန်း၍ ဟောင်းဆွေးခေတ်လွန်နေသည်နှိုက်လည်းကောင်း ပြောဆို
သုံးနှုန်းသည် ။
ဝီခေါ်သည်အလွန်လည်ပတ်သည်
( မပြတ်လှည့်လည် သွားလာတတ်ခြင်းနှင့် ပါးနပ်လည်ပတ်ခြင်းအနက် နှစ်မျိုးလုံးရသည် )
ကျင် ( ဂျင် ) ကို လှည့်ပေါက်ကစားရာ၌် ကျင်လည်သောအခါ တဝီဝီမြည်သံဖြစ်သည်ကို ဝီခေါ်သည် ဆိုလေသည် ။ ၄င်းကိုစွဲ၍ အလွန်လည်ပတ်သည့်သဘောကို တင်စားလျက်
ဝီခေါ်သည်ဟုဆိုကြသည်..။
သုံးစားပါကြသည်ကံချို့တဲ့သည် ၊ နိုင်ချင်လျက်နဲ့ ရှုံးရသည် ၊ နိုင်လုနီးပေါက်ရောက်ခဲ့သည်
ပုဆစ်ဆော့ရာတွင် နောက်ဆုံးအလှည့်၌ ကြွေပွင့်သုံးပွင့်ကျလျှင် အနိုင်ရတော့မည်
ဖြစ်လျက်နှင့် တစ်ပွင့်လို၍ နှစ်ပွင့်သာကျသဖြင့် တစ်ဖက်သူအား အနိုင်ရလောက်အောင်
အလှည့်တစ်လှည့်ပေးလိုက်ရပြန်လေသည် ။ ထို့ပြင် နောက်အလှည့်၌ တစ်ပွင့်ကျနိုင်စရာ
အခွင့်မှာ ပေါ်ခဲသောအခွင့်ဖြစ်ရာ အနိုင်ရလုနီးပါလျက် အခြားသူအား တစ်လှည့်ပြီးတစ်လှည့်ပေး၍ စောင့်ဆိုင်းနေရကာ အရှုံ့းကိုပင် ရနိုင်လေသေးသည် ။ သုံးပွင့်သာကျပါမှ တစ်ပါတည်း အနိုင်ရမည် ဖြစ်လေသည် ။ ထို့ကြောင့် အနိုင်ရလုဆဲဆဲမှ အကြောင်းဖန်လာ၍ အနိုင်နှင့်အလှမ်းဝေး ရသည်ကို အကြောင်းပြု
၍ သုံးစားမှာပါ ( ကြွေနှစ်ပွင့် ) ကျသည်ဟု ဆိုကြသည် ။ ထိုပုဆစ်စကားကို ပမာပြုလျက်
နဂိုက ညံ့သူမဟုတ်ဘဲ အကြောင်းမတော်၍ ချို့တဲ့နေခြင်းကို တင်စား၍ဆိုသည် ။
အချို့က " ရစရာမရှိအောင် ပျက်စီးနေပြီ " ဟူသောအဓိပ္ပာယ်ဖြင့် မှားယွင်းသုံးတတ်ကြသည် ။
ဟိတ်ထုတ်သည်ကြွားဝင့်သည် ၊ ဂုဏ်ဖော်သည်
စာပေစီကုံးရာတွင် ပမာဏ ၊ ပဋိညာဉ် ၊ နိဒါန်း ၊ ဟိတ် ၊ ဥပမာ ၊ သက် ၊ နိဂုံး စသည်တို့
ပါဝင်လေ့ရှိရာ ရေးသားလိုရင်း ပဓာန အကြောင်းအချက် ဟိတ်အပိုင်း ( ဟေတွ ) ကို
ဖွင့်ထုတ်ရေးသားသည်ကို ဟိတ်ထုတ်သည်ဟုဆိုရာ ထိုစကားကိုစွဲ၍ မိမိအစွမ်းအစ ၊
ဂုဏ်ပကာသနကို ဖွင့်ထုတ်ကြွားဝင့်ခြင်းကို ဟိတ်ထုတ်သည်ဟု တင်စားဆိုသည် ။
အပွင့်ကားသည်ကားချဲ့ ပြောဆိုသည် ၊ အကျယ်ချဲ့၍ ပြုလုပ်သည်
ပန်းပွင့်၏ ဖလပ်များ စွင့်ကားထွက်သည်ကို တင်စားသောအားဖြင့် ကားချဲ့မွမ်းမံ၍
အကျယ်တဝင့် ပြုလုပ်ခြင်းတို့ကို တင်စား၍ ဆိုသည် ။
အရိုးတွန်သည်ဟောင်းမြင်းသော ဒုစရိုက်မှုဒဏ်ကို ပြန်ခံရသည်
လုပ်ကြံ သတ်ဖြတ်မှုများတွင် သတ်ဖြတ်ခြင်းခံရသူမှား မြှုပ်နှံ ပြီးစီးသွား၍ ထိုသူတို့အား
လုပ်ကြံ သတ်ဖြတ်ခဲ့သူ ၊ လက်သည်များ ရုတ်တရက် ပေါ်ပေါက်အပြစ်ကျခံရခြင်း
မရှိကြသော်လည်း ရာဇဝတ်ပြစ်မှု ကျူးလွန်သူများသည် မိမိ၏အပြစ်ကို ကြာရှည်လုံလဲအောင် မဖုံးဝှက်နိုင်ဘဲ တစ်စတစ်စ အပြစ်သဲလွန်စ ပေါ်ပေါက်သွားကာ
အပြစ်ခံယူကြရလေသည် ။ ဤကဲ့သို့ နောက်ပိုင်း ပေါ်ပေါက်ဖမ်းဆီးရခြင်းသည်
သေဆုံးသူတို့၏ ဝိညာဉ်က နောက်ပိုင်း ပေါ်ပေါက်ဖမ်းဆီးရခြင်းသည် သေဆုံးသူတို့၏
ဝိညာဉ်က တရားခံကို အမှုပေါ်အောင် ဖော်ပြစေခြင်း ၊ ဆွေမျိုးတို့အား အိပ်မက်ပေးခြင်း ၊
စသည်ဖြင့် လုံ့လပြုပေးသဖြင့် ပေါ်ပေါက်ရခြင်းဖြစ်သည်ဟု အချို့က အယူသီးကြလေ
သည် ။
ထိုသို့အားဖြင့် သေသူ၏ ဝိညာဉ်က ဆောင်ရွက်ခြင်းကို အသက်မရှိသော ကြွင်းကျန်သည့်
အရိုးကတွန်သည်ဟု တင်စား၍ ဆိုကြလေသည် ။ ထိုမှတစ်ဆင့် အခြားအပြစ် ကျူးလွန်သူတို့သည် ဖုံးဝှက်တမ်းရှောင်ရာ နောင်စ်နေ့တွင် အမှုပေါ်ပေါက်လာသည့်အခါ
အရိုးတွန်သည်ဟု ဆိုကြလေသည် ။ ထိုမှတစ်ဖန် မကောင်းမှုပြုသူသည် ဘယ်သူမပြု
မိမိမှုဟူသကဲ့သို့ အခြားသူ၏ လုံ့လကြောင့်မဟုတ်ဘဲ မိမိပယောဂကြောင့် မိမိမကောင်းမှု
၏ အကျိုးအပြစ်ကို ခံယူရရှိသည်ကိုလည်း အရိုးတွန်သည်ဟုပင် တင်စားခေါ်ကြသည် ။
အိမ်ခြေ ကရို့ကျိုးသည်အိမ်တကာသို့ လည်ပတ်သည်
ပုတီးစေ့ သို့မဟုတ် တုတ်တံ စသည့် အကူအညီဖြင့် ရေတွက်မှတ်သားခြင်းကို ကရို့ကျိုး
သည်ဟု ဆိုသည် ။ ထို့ကြောင့် အိမ်တကာသို့ ဝင်ထွက်လည်ပတ်ခြင်းကို အိမ်ခြေအရေအတွက်ကို လိုက်လံချိုးတွက် ရေမှတ်ဘိသကဲ့သို့ တင်စား၍ အိမ်ခြေ
ကရို့ကျိုးသည်ဟု ဆိုကြလေသည် ။

No comments:

Post a Comment