ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

တွေးမိသမျှရောက်တတ်ရာရာ

   နာရီစက္ကန့်တံသံ တချက်ချက်အတိုင်း နှလုံးခုန်သံ တဒုတ်ဒုတ်ဟာ အင်မတန်
စည်းချက်ညီစွာ ထပ်တူကျနေပါတယ် ။
             ဗုဒ္ဓမြတ်စွာရဲ့တရားတော်တွေကို သတိရလိုက် ၊ မေမေ့ကို သတိရလိုက် ၊
ဝေး
ကွာနေတဲ့ မိသားစုကို သတိရလိုက် ၊ သူငယ်ချင်းတွေကို သတိရလိုက် ၊ အမျိုးတွေကို သတိရလိုက် ၊ တစ်နေ့ တစ်နေ့ သတိရစရာတွေက အဆင်အမျိုးမျိုး
၊ ပုံစံအမျိုးမျိုး နဲ့ပေါ့ ။
             တွေးမိတဲ့အကြောင်းတွေထဲမှာ အများဆုံးက ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ
ကို ဘယ်လိုနည်းနဲ့သွားမလဲ ၊ အနာဂတ်အတွက် အကျိုးရှိမဲ့ ဘယ်အရာတွေကို
ဘယ်နှစ်ခုလောက် ထားသွားနိုင်မလဲ ဆိုတာပါ ။
              စေ့စေ့တွေး ရေးရေးပေါ် ဆိုပေမဲ့ ပေါ်လာတဲ့ ခပ်ရေးရေးပုံရိပ်တွေတောင်
မပီပြင်ဝိုးတ၀ါး ရှုပ်ပွနေလေတော့ ရေးရေးတွေးဖို့ရာမှာ ပခုံးတွန့်ကျောချမ်းရုံက
လဲံပြီး ဘာများတတ်နိုင်မှာပါလိမ့် ။
             အဲဒီ့တော့ မီးစင်ကြည့်ကရုံ ၊ အဆင်ပြေသလို ကြည့်လုပ်ရုံပဲ ရှိတော့တာပဲ
ဆိုတာဖြစ်လာတယ် ။ ဒါပေမဲ့ အဲဒါတွေကို သေချာခွဲခြမ်းကြည့်တော့ တကယ်ပဲ မီး
စင်ကြည့်ကနေတာလား ၊ ရေလိုက်ငါးလိုက် နေနေတာလားဆိုတာလည်း မသေ
ချာပြန်ဘူး ။
             သေချာတာကတော့ ကျွန်တော်တို့ဟာ နိစ္စဓူဝအဖြစ်တွေထဲမှာ မျှောပါနေ
တယ်လို့မြင်မိတယ် ။ လူတွေအသက်ရှုဖို့မေ့နေတယ် ။ ဆိုလိုတာက ကျွန်တော်အပါ
အ၀င် တော်တော်များများ ဥာဏ်မဦးစီးဖြစ်ဘူး ဆိုတာပါ ။
             ဒီအချိန်မှာ လူတိုင်းဟာ အချက်ပေးခေါင်လောင်းသံကြားသင့်ပြီ ၊ ကြား
ချိန်တန်ပြီ ဆိုတာပါပဲ ။ ဘာလို့လည်းဆိုတော့ ခေတ်ကြီးက မာဆတ်ဆတ်ဖြစ်နေ
တာ အတော်ကြာနေပြီလို့ ထင်လို့ပါ ။
            မေတ္တာတရားတွေ လျှော့နည်းလာတာနဲ့အမျှ လူတွေရဲ့နှလုံးသားဟာ ကြွတ်
ရွနေပါပြီ ။ အိုဇုန်းလွှာပေါက်တာထက် ကြောက်စရာကောင်းပါတယ် ။ လူတွေရဲ့
စိတ်မှာ ရေဒီယိုသတ္တုကြွမှုတွေ အတော်များပြားနေပါပြီ ။ ဂီတကို နားဆင်ပါ ။ ပန်း
ချီကားတွေကို ကြည့်ရှု့ပါ ။ ကဗျာတွေ ၊ စာတွေ ခံစားပါ ၊ ဖတ်ပါ ။ ဗုဒ္ဓတရားတွေ
နာကြားကြပါ .... ။
             ကဲ ..... အခုကစပြီး ပြင်ဆင်ကြပါစို့ ။ လူ့သက်တမ်းတိုတိုလေးအတွင်းမှာ
ကျောကုန်းကနေ ကုပ်ခြစ်ခံထားရတဲ့ဒဏ်ရာတွေ ၊ ရင်ဝကို ထုတ်ချင်းခတ်နေတဲ့
ဝေဒနာ ၊ စေတနာဆိုးတွေ ဖယ်ရှင်းကြပါစို့ ...။
                               နှလုံးသားတွေနူးညံ့ပြီး အာဟာရပြည့်ပါစေ ..။

No comments:

Post a Comment