အေးညှင်းညှင်းအထိအတွေ့ထဲ
နွေးငွေ့ငွေ့ခံစားမှုရောယှက်နေတဲ့
နွေဦးရာသီညများ
မိုင်ရာချီပြေးသွားနေတဲ့
အလွမ်းလိှုင်းတွေရဲ့ တုန်ခါမှုက
နှလုံးသားကို တဒုတ်ဒုတ်ခုန်စေရဲ့
သစ်ရွက်များရင့်ရော်ဟောင်းနွမ်းမသွားသေးခင်
ဒီရင်မှာ ....
ကြွေလုလု ချစ်ခွန်းဖွဲ့ ကရုဏာတရားနဲ့
မှေးစက်မရတဲ့စက္ကန့်တွေထုပ်ပိုး
ညဉ့်လေသွေးသွေးကိုပဲ
ချစ်သူရဲ့ရနံ့လိုခံစား
သာနေတဲ့လမင်းကြီးကလည်း လွမ်းစရာ
လဲသီးခြောက်ကြွေကျသံကလည်း လွမ်းစရာ
ပေတရာပေါ်ဖြတ်မောင်းသွားတဲ့ ကားသံကလည်း လွမ်းစရာ
လွမ်းရတဲ့အကြောင်း သီကုံးလို့မနိုင်
ခြောက်အာရုံရှိသမျှထဲ အလွမ်းတွေစီးမျှော
အဲဒီ့မြစ်ထဲမှာပဲ ....
ဒီညတော့ .....
ကျွန်တော် .....
ခရေပွင့်တွေကြွေသလို အလွမ်းတွေကြွေခဲ့ရတယ် ..။
နိုင်ရဲသွေး
20 . feb . 2011 .
နွေးငွေ့ငွေ့ခံစားမှုရောယှက်နေတဲ့
နွေဦးရာသီညများ
မိုင်ရာချီပြေးသွားနေတဲ့
အလွမ်းလိှုင်းတွေရဲ့ တုန်ခါမှုက
နှလုံးသားကို တဒုတ်ဒုတ်ခုန်စေရဲ့
သစ်ရွက်များရင့်ရော်ဟောင်းနွမ်းမသွားသေးခင်
ဒီရင်မှာ ....
ကြွေလုလု ချစ်ခွန်းဖွဲ့ ကရုဏာတရားနဲ့
မှေးစက်မရတဲ့စက္ကန့်တွေထုပ်ပိုး
ညဉ့်လေသွေးသွေးကိုပဲ
ချစ်သူရဲ့ရနံ့လိုခံစား
သာနေတဲ့လမင်းကြီးကလည်း လွမ်းစရာ
လဲသီးခြောက်ကြွေကျသံကလည်း လွမ်းစရာ
ပေတရာပေါ်ဖြတ်မောင်းသွားတဲ့ ကားသံကလည်း လွမ်းစရာ
လွမ်းရတဲ့အကြောင်း သီကုံးလို့မနိုင်
ခြောက်အာရုံရှိသမျှထဲ အလွမ်းတွေစီးမျှော
အဲဒီ့မြစ်ထဲမှာပဲ ....
ဒီညတော့ .....
ကျွန်တော် .....
ခရေပွင့်တွေကြွေသလို အလွမ်းတွေကြွေခဲ့ရတယ် ..။
နိုင်ရဲသွေး
20 . feb . 2011 .
No comments:
Post a Comment