တစ်စုံတစ်ခုကိုချရေးတိုင်း
ထွက်ကျလာတဲ့ စာလုံးတွေက
ရေးနေကျ စာသားတွေပဲ
စိတ်ရဲ့အသစ်တောင်းဆိုမှုမှာ
ထွက်ကျလာတာက
ရေးနေကျ စကားလုံးတွေ
ဘယ်လိုမှ မရတဲ့အဆုံး
ရေးနေကျ စာသားတွေကိုပဲ
ရှေ့နောက်အလယ် ရောမွှေ
အသစ်ပြန်တည်ဆောက်
ချရေးပြန်တော့လည်း
ရေးနေကျ စာလုံးတွေပဲ
ဒါနဲ့ ....
ရေးနေကျစာသားတွေကိုပဲ
စကားလုံးနည်းနည်းတိုး
ဆိုဒ်နည်းနည်းချဲ့
ကာလာ နည်းနည်းပြောင်း
ဒါဟာ.......
ယနေ့ထပ်မံ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းအသစ်ပဲ ..။
နိုင်ရဲသွေး
15 . AUG . 2010
No comments:
Post a Comment