တကွဲစီပေမယ့်
ပုလဲသီ သီခဲ့
ငါ့တောင်ကုန်းလေးကတော့
အလွမ်းတွေ ....
ရေဆူအမှတ်ထက်
တပွက်ပွက်ဆူလို့
အိပ်လို့မရ အတူတူ
ကြယ်တွေကို ရေတွက်ဖို့
ကောင်းကင်ကိုမော့ကြည့်တော့
ပင်လုံးကျွတ်ပွင့်နေတဲ့
ဧကရာဇ်ပင်င်္ကြီးက ရနံ့ကြိုင်ကြိုင်
ဟောဒီ့ ... အေးမြတဲ့ ဒီဇင်ဘာညတစ်ညမှာ
တိမ်တစ်အုပ်အရွေ့
လမင်းနဲ့အပြိုင် အလှချင်းယှဉ်နေတာက
စိတ်အတွေးမှာ မြင်ယောင်လာတဲ့
ချစ်သူမျက်နှာ
မမေ့နိုင်တဲ့သံယောဇဉ်တွေ ထမ်းပိုးရင်း
အသက်ဓာတ်ဆက်နေသရွေ့
ချစ်သူသာ ...
ငါ့ဘ၀ရဲ့ ....
ညစဉ်မက်ဖြစ်တဲ့ အိပ်မက်ကလေးပါ ..။
နိုင်ရဲသွေး
4 . FEB . 2011
No comments:
Post a Comment