ဂျုံခင်းတွေကတော့ စိမ်းလန်းလို့
ဘ၀ရဲ့မိုင်တိုင်တွေ ဖြတ်သန်းရင်း
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက
ခန္ဓာကိုယ်တစ်ခုလုံး မီးခိုးလိုအူ
ဒါဟာ .....
မြို့ပြယဉ်ကျေးမှုမှာ စီးမျှောနေတဲ့ အကျိုးတရားတွေလား
နိစ္စဓူဝထဲမှာ ...
စိတ်တွေက ...
တွန့်ခေါက်လိုက် ပြေလျှော့လိုက်
လူနဲ့ဘ၀ဟာ အပြန်အလှန်တောလိုက်
အခါမရွေးထထပွင့်နေတဲ့ သောကတွေနဲ့
ဟောဒီ့ .. ချမ်းအေးတဲ့ဆောင်းရာသီတောင် ရင်ထဲကပူ
သန်းခေါင်ယံညတေးသံကို နားထောင်ရမှာမေ့လျှော့နေတဲ့
ပြေးဟဲ့ လွှားဟဲ့ လောကဓံမှာ
ကမ္ဘာကြီးက ပိုမလည်ပေမဲ့
ရေခဲမြစ်တွေ ခမ်းလို့ခမ်း
ငလျှင်တွေပိုလှုပ်လိုလှုပ်
မီးတောင်တွေ အခါမဟုတ် ပေါက်လိုပေါက်
ရေကြီးလိုကကြီး
ရောဂါဆန်းတွေပေါ်လို့ပေါ်
ယဉ်ကျေးမှုတွေ လုံးချာလည်လိုက် မျှောလိုမျှော
လူတွေရဲ့အသက်ရှုသံ ပြင်းလိုပြင်း
ကမ္ဘာ့အခင်းအကျင်းက စစ်တလင်းမဟုတ်ခဲ့လည်း
မြို့တွေက အေးခြောက်ခြောက် ပူခြောက်ခြောက်
ဝိညာဉ်တွေလေပေါ်အုံဖွဲ့ရှုပ်ထွေးနေတာ
ဘယ်နည်းပညာနဲ့မှ ဖမ်းလို့မမိ
သိမ်မွေ့ဖွယ် စိတ်ထားတွေနဲ့ အကြင်နာတရားတွေက
မြေမှာတစ်စတစ်စနစ်ဝင်
ကိုယ့်ကိုယ်ကိုယ် ပြန်လွမ်းမိတာလည်း အခါခါ
တံခါးပိတ်အိပ်လည်း ပူတယ်
အဲကွန်းဖွင့်အိပ်လည်း သွေးကထုံတယ်
အသိဥာဏ်တံခါးနဲ့ မေတ္တာတရားကိုဖွင့်ဖို့
စကားလုံးတွေက စက်ခလုပ်နှိပ် ထွက်ကျမလာ
ခြေပစ်လက်ပစ်ထိုင်
စီးကရက်ရှိုက်ဖွာမှုတ်ထုတ်
ဒီနေ့ ......
ဘာစကားမှမပြောချင်တော့ဘူး ...။
နိုင်ရဲသွေး
9 . FEB . 2011..............
ဘ၀ရဲ့မိုင်တိုင်တွေ ဖြတ်သန်းရင်း
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက
ခန္ဓာကိုယ်တစ်ခုလုံး မီးခိုးလိုအူ
ဒါဟာ .....
မြို့ပြယဉ်ကျေးမှုမှာ စီးမျှောနေတဲ့ အကျိုးတရားတွေလား
နိစ္စဓူဝထဲမှာ ...
စိတ်တွေက ...
တွန့်ခေါက်လိုက် ပြေလျှော့လိုက်
လူနဲ့ဘ၀ဟာ အပြန်အလှန်တောလိုက်
အခါမရွေးထထပွင့်နေတဲ့ သောကတွေနဲ့
ဟောဒီ့ .. ချမ်းအေးတဲ့ဆောင်းရာသီတောင် ရင်ထဲကပူ
သန်းခေါင်ယံညတေးသံကို နားထောင်ရမှာမေ့လျှော့နေတဲ့
ပြေးဟဲ့ လွှားဟဲ့ လောကဓံမှာ
ကမ္ဘာကြီးက ပိုမလည်ပေမဲ့
ရေခဲမြစ်တွေ ခမ်းလို့ခမ်း
ငလျှင်တွေပိုလှုပ်လိုလှုပ်
မီးတောင်တွေ အခါမဟုတ် ပေါက်လိုပေါက်
ရေကြီးလိုကကြီး
ရောဂါဆန်းတွေပေါ်လို့ပေါ်
ယဉ်ကျေးမှုတွေ လုံးချာလည်လိုက် မျှောလိုမျှော
လူတွေရဲ့အသက်ရှုသံ ပြင်းလိုပြင်း
ကမ္ဘာ့အခင်းအကျင်းက စစ်တလင်းမဟုတ်ခဲ့လည်း
မြို့တွေက အေးခြောက်ခြောက် ပူခြောက်ခြောက်
ဝိညာဉ်တွေလေပေါ်အုံဖွဲ့ရှုပ်ထွေးနေတာ
ဘယ်နည်းပညာနဲ့မှ ဖမ်းလို့မမိ
သိမ်မွေ့ဖွယ် စိတ်ထားတွေနဲ့ အကြင်နာတရားတွေက
မြေမှာတစ်စတစ်စနစ်ဝင်
ကိုယ့်ကိုယ်ကိုယ် ပြန်လွမ်းမိတာလည်း အခါခါ
တံခါးပိတ်အိပ်လည်း ပူတယ်
အဲကွန်းဖွင့်အိပ်လည်း သွေးကထုံတယ်
အသိဥာဏ်တံခါးနဲ့ မေတ္တာတရားကိုဖွင့်ဖို့
စကားလုံးတွေက စက်ခလုပ်နှိပ် ထွက်ကျမလာ
ခြေပစ်လက်ပစ်ထိုင်
စီးကရက်ရှိုက်ဖွာမှုတ်ထုတ်
ဒီနေ့ ......
ဘာစကားမှမပြောချင်တော့ဘူး ...။
နိုင်ရဲသွေး
9 . FEB . 2011..............
No comments:
Post a Comment